တစ်ချို့တွေကတော့ အသားအရေအရင်ထဲက ကောင်းတော့တော်ရုံတန်ရုံလောက်နဲ့ ဝက်ခြံမထွက်တတ်ပါဘူး။ ဒါပေမယ့် ဝက်ခြံဖြစ်လွယ်တဲ့သူတွေကျတော့လည်း ဝက်ခြံထွက်လိုက်တာ စိတ်ညစ်စရာတောင်ကောင်းပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အရေးကြီးတာက မှန်ကန်တဲ့နည်းလမ်းပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ မျက်နှာမှာဝက်ခြံတွေဖြစ်နေတော့ ပျောက်ချင်ဇောတွေများပြီး ဟိုဟာလျှောက်သုံး ဒီဟာလျှောက်သုံးနဲ့ဆိုရင် ပိုပြီးတော့ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအိမ်တွင်းနည်းလမ်းလေးတွေကို သိထားဖို့လိုလာပြီလေ။

Photo Source : Medical News Today

မုန့်ဖုတ်ဆိုဒါနဲ့ မျက်နှာပေါင်းတင်မယ်ဆိုရင်လည်း မျက်နှာမှာရှိနေတဲ့ ဝက်ခြံတွေကိုလျော့နည်းသွားစေပြီး မျက်နှာအသားအရေမှာလည်း အမာရွတ်တွေမကျန်နေခဲ့အောင် ဖြေရှင်းပေးနိုင်ပါတယ်။ မျက်နှာမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို သေသွားစေနိုင်ပြီး ချွေးပေါက်တွေကိုလည်း ကျဉ်းသွားစေနိုင်တာကြောင့် ဝက်ခြံတွေလည်း ထပ်မဖြစ်လာစေနိုင်တော့ပါဘူးနော်။

မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောပြီး မျက်နှာပေါ်မှာ သုတ်လိမ်းထားပေးရမှာပဲဖြစ်ပါတယ်။ အချိန် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့အသားအရေမျိုးကိုရရှိမှာပဲဖြစ်ပါတယ်။

Photo Source : Medical News Today

ပျားရည်နဲ့ နွားနို့ကလည်း မျက်နှာအသားအရေကို ကောင်းမွန်စေပြီး ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်နော်။ မျက်နှာပေါ်မှာရှိနေတတ်တဲ့ ဘက်တီးရီးယားတွေကို ကောင်းကောင်းဖယ်ရှားပေးနိုင်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းတာတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။ နွားနို့စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး မျက်နှာအနှံ့ပွတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားမှ မျက်နှာကိုသန့်စင်ပေးလိုက်မယ်ဆိုရင်လည်း ဝက်ခြံတွေကိုလျော့နည်းစေမှာပဲဖြစ်ပါတယ်နော်။

Photo Source : mfit.com

ကြက်ဥအကာကတော့ အကောင်းဆုံးပါပဲ။ မျက်နှာပေါ်မှာရှိနေတဲ့ ဝက်ခြံတွေကို ပျောက်ကင်းစေဖို့အတွက်ဆိုရင်တော့ ကြက်ဥအကာကိုသုံးဖို့အသင့်တော်ဆုံးပဲပေါ့။ ကြက်ဥတစ်လုံးကို ဖောက်ပြီး အနှစ်ကိုဖယ်ကာ အကာကိုပဲ ပန်းကန်လုံးထဲမှာထည့်ပြီး အမြုပ်တွေရတဲ့ထိခေါက်ပေးလိုက်ပါ။ ခေါက်ပြီးရလာတဲ့အနှစ်တွေကို မျက်နှာပေါ်မှာလိမ်းပေးပြီး နာရီဝက်လောက်ထားထားရမှာပဲဖြစ်ပါတယ်။ အချိန်ပြည့်သွားရင်တော့ ရေအေးနဲ့ဆေးချပေးလိုက်တဲ့အချိန်မှာတော့ မျက်နှာအသားအရေက တင်းတင်းရင်းရင်းလေး ဖြစ်နေမှာပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံတွေကို အချိန်တိုအတွင်း ပျောက်ကင်းသွားစေမှာပါ။