အင်္ဂလန်နိုင်ငံမှ Alice Robinson ဆိုသူက တစ်ပတ်အတွင်း အရပ် ၁.၅ စင်တီမီတာ ရှည်လာမယ့်နည်းလမ်းကို စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ သူမပြောပြတဲ့ လေ့ကျင့်ခန်းများကို နည်းမှန်လမ်းမှန်ပြုလုပ်မယ်ဆိုရင် တစ်ပတ်အတွင်းအရပ်ရှည်လာမှာပါ။

ဒါပေမဲ့ အသက် ၂၅ နှစ်ကျော်တဲ့လူတစ်ယောက်က ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်မယ်ဆိုရင်တော့ ဘာအကျိုးရလဒ်မှ ရှိမှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်က အသက် ၂၅ နှစ်ကျော်တဲ့အခါ အရပ်ရှည်ခြင်းရပ်တန့်သွားလို့ပါပဲ။

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းကြောင့် အရပ်ရှည်ဖို့အတွက်ဆိုရင် စက်ဘီးထိုင်ခုံကိုအရင်ဆုံးညှိပေးရပါမယ်။ အဲ့ဒါမှ ခြေနင်းကို နင်းဖို့အတွက် ခြေထောက်ကို ဆွဲဆန့်ပြီး နင်းမှ အရပ်ရှည်လာမှာမို့လို့ပါ။ ဒါပေမဲ့ ထိုင်ခုံကို သိပ်အမြင့်ကြီး မလုပ်ပါနဲ့၊ သင့်ရဲ့အရိုးအဆစ်တွေကို ထိခိုက်သွားနိုင်လို့ပါ။

ဘားတန်းခိုခြင်း

ဘားတန်းတစ်ခုမှာ တွဲလောင်းခိုထားလိုက်ရုံပါပဲ။ ကြာနိုင်သမျှအချိန်ကြာကြာခိုထားဖို့ပါပဲ။ ဒီလေ့ကျင့်ခန်းက သင့်ကျောရိုးအတွက်ရော သင့်ဝမ်းဗိုက်ကြွက်သားတွေအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။

ပုခုံးနဲ့ မတ်မတ်ထောင်ခြင်း

ပုံထဲက အနေအထားအတိုင်းပဲ ခြေထောက်ကို အပေါ်ထောင်နိုင်သမျှထောင်ထားပါ။ ဒါပေမဲ့ အနေအထားမှန်ကန်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ထိခိုက်ဒဏ်ရာရသွားနိုင်လို့ပါ။

မြွေဟောက်ပုံစံလေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းလေးကတော့ သင့်ကျောရိုးအတွက်သာမကဘဲ သင့်ခါး၊ ဝမ်းဗိုက်ကြွက်သားနဲ့ တင်ပါးကြွက်သားများအတွက် အထူးသင့်လျော်ပါတယ်။

ခန္ဓာကိုယ်ကို ကွေးလိုက်ပါ

ကွေးနေတဲ့အချိန်မှာ ခြေထောက်များကို တစ်ဖြောင့်တည်းဖြစ်အောင်ထားပါ။ လက်ချောင်းများကို ခြေချောင်းများနဲ့ ထိကပ်အောင်ထားပါ။ လေ့ကျင့်ခန်းစလုပ်ချင်းမှာတော့ အချိန်ခဏပဲပြုလုပ်ပေးပြီး၊ နောက်ပိုင်းမှာတော့ အချိန်တိုးလုပ်ပေးပါ။

ခုန်ခြင်း

ကြိုးခုန်ခြင်း၊ ဘတ်စကပ်ဘောကစားခြင်း စတဲ့ လေ့ကျင့်ခန်းများက အရိုးအဆစ်နဲ့ ကြွက်သားများကိုသန်မာစေပြီး သင့်ကိုအရပ်ရှည်လာအောင် ကူညီပေးပါလိမ့်မယ်။

ရေကူးခြင်း

ရေကူးခြင်းကတော့ အရပ်ရှည်ဖို့အတွက် အထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။

ဖော်ပြပေးသွားတဲ့ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းအပြင် ကယ်လစီယမ်ဓာတ်၊ သံဓာတ်၊ ဗီတာမင်ဒီဓာတ် ကြွယ်ဝသောအစားအစာများ စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ အိပ်တဲ့အခါမှာလည်း ခါးဆန်ပြီး ဖြောင့်ဖြောင့်အိပ်ပေးခြင်းတို့က အရပ်ရှည်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။

Source: Brightside.me