အကျင့်ပါပြီး လုပ်တတ်တဲ့ မျက်မှောင့်ကျုံ့တာ ၊ နဖူးကျုံ့တာတွေက ကြာလာရင် မလိုအပ်တဲ့ expression lines တွေကို ဖြစ်စေပါတယ်။ ဒီလို မလိုချင်တဲ့ Expression Lines တွေကို ဖယ်ရှားဖို့အတွက်ဆို အခုပြောပြမယ့်အချက်တွေကို လိုက်နာဖို့လိုပါတယ်။

ရေဓါတ်ထိန်းပါ

ပျိုပြီး တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် ရေဓာတ်ပြည့်ဝဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။

Moisturizer သုံးပါ

အသားအရေက ရေဓာတ်ပြည့်ဝပြီး အဟာရဖြစ်ဖို့အတွက် Moisturizer က မရှိမဖြစ်မလို့ နေ့တိုင်းလိမ်းပေးပါ။

နေရောင်ကို ကာကွယ်ပါ

နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေရဲ့အကြီးမားဆုံးရန်သူမလို့ တိမ်ထူတဲ့နေ့တွေမှာတောင် SPF မြင့်တဲ့ Sunscreen ကို နေ့တိုင်းလိမ်းပါ။

Retinoids ကိုသုံးပါ

အသားအရေ တင်းရင်းဖို့နဲ့ အရေးအကြောင်းကင်းစေဖို့ ကော်လာဂျင်ထုတ်လုပ်မှုကို နှိုးဆွပေးတဲ့ Retinoids ကို သုံးဖို့မမေ့ပါနဲ့။

မျက်နှာလေ့ကျင့်ခန်းလုပ်ပါ

အရေးအကြောင်းဖြစ်လွယ်တဲ့နေရာတွေကို အဓိကထားတဲ့လေ့ကျင့်ခန်းတွေက မျက်နှာရဲ့ကြွက်သားတွေကို အားကောင်းစေတာမလို့ အရေးအကြောင်းဖြစ်တာကို လျှော့ချပေးနိုင်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးဝဝအိပ်တာကလည်း အသားအရေအတွက်အရေးကြီးတာမလို့ ညတိုင်း အိပ်ရေးဝအောင် အိပ်ပါ။

ဆေးလိပ်/အရက် ရှောင်ပါ

ဆေးလိပ်/အရက်တွေက အရေပြားအိုမင်းရင့်ရော်မှုကို မြန်စေတာမလို့ အရေးအကြောင်းဖြစ်တာကို ကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံးရှောင်ပါ။

အစားအသောက်ထိန်းပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားပေးပါ။ သကြားနဲ့ Fast Foods များကို အတတ်နိုင်ဆုံးရှောင်ပါ။