ပရိသတ်တွေစိတ်ဝင်စားကြတဲ့ ဟောလိဝုဒ်သတင်းတွေမှာ အနုပညာရှင်ဟောလိဝုဒ်စုံတွဲတွေအများစုက သက်တမ်းမကြာဘဲ မကြာခဏ ကွဲကြ၊ နောက်တယောက်ရသွားတဲ့ သတင်းတွေပဲ တွေ့ရများပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးနှစ်တွေကြာတဲ့အထိ လက်တွဲမြဲနေကြတဲ့ အနုပညာရှင်စုံတွဲတွေလည်း ရှိနိုင်တယ်ဆိုတာကို ဒီအနုပညာရှင်တွေက သက်သေပြလိုက်ပါတယ်။ ဒါဆို ဘယ်အနုပညာရှင်တွေလဲဆိုတာ အခုပြောပြပေးပါမယ်။

(၁) Tom Hanks နဲ့ Rita Wilson

Tom နဲ့ Rita တို့ဟာ Volunteer ဆိုတဲ့ ဇာတ်ကားမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၁၉၈၈ မှာ လက်ထပ်ခဲ့ကြကာ ခုချိန်ထိ လက်တွဲမြဲနေကြတာပါ။ ဟောလိဝုဒ်စုံတွဲတစ်တွဲအနေနဲ့ သူတို့၂ ယောက်ဟာ အသက်မွေးဝမ်းကျောင်းအလုပ်မှာ တယောက်နဲ့တယောက် ကူညီပံ့ပိုးပေးကြပါတယ်။ သူတို့စုံတွဲဟာ သားသမီး ၂ ယောက်လည်း ပိုင်ဆိုင်ထားပါတယ်။

(၂) David Beckham နဲ့ Victoria Beckham

ဘောလုံးဂုရုကြီး ဒေးဗစ်ဘက်ခမ်း နဲ့ သူ့ဇနီး ဗစ်တိုးရီးယားတို့က ၁၉၉၇ က မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေရဲ့ Lounge မှာ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို တက်ရောက်ရင်းနဲ့ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မြင်မြင်ချင်း သဘောကျခဲ့တာလို့လည်း ဆိုခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်က ၁၉၉၉ မှာ လက်ထပ်ခဲ့ကြတာပါ။ အခုဆို ဒီစုံတွဲဟာ ကလေး ၄ ယောက်ထွန်းကားခဲ့ပြီး အလုပ်လည်း အလွန်ကြိုးစားကြတဲ့ စုံတွဲဖြစ်ပါတယ်။

(၃) Catherine Zeta Jones နဲ့ Michael Douglas

Catherine နဲ့ Douglas စုံတွဲကတော့ အိမ်ထောင်သက် အနှစ် ၂၀နီးပါးရှိပါပြီ။ သူတို့နှစ်ယောက်တွေ့ကြတုန်းက Douglas က သူမကလေးတွေရဲ့ ဖခင်ဖြစ်ပါရစေလို့ပြောပြီး Catherine ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ အခုဆိုရင်တော့ အရမ်းချစ်ကြတဲ့ သူတို့စုံတွဲဟာ လက်ထပ်ပြီး ကလေး ၃ ဦးရှိနေပါပြီ။

(၄) Sarah Jessica Parker နဲ့ Matthew Broderick

ဒီစုံတွဲကတော့ လက်ထပ်ထားတာ ၂၃ နှစ်တောင်ရှိပါပြီ။ သူတို့စတွေ့ခဲ့တာကတော့ မင်းသမီးရဲ့အကိုက မိတ်ဆက်ပေးလို့ပါတဲ့။ တခြားအနုပညာရှင်စုံတွဲတွေလို ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်တွေနဲ့ လက်ထပ်ခဲ့ကြတာမဟုတ်ဘဲ ရိုးရာပုံစံလက်ထပ်ခဲ့ကြပါတယ်။ ၂၀၀၂ ခုနှစ်မှာ သားတယောက်ထွန်းကားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ချစ်စရာအမွှာသမီးကလေး၂ ယောက်ထွန်းကားခဲ့ပါတယ်။