အားလုံးပဲ မင်္ဂလာပါ။ တင်ဘေးဘက်ချိုင့်တာက ကိုယ့်ရဲ့ ချို့ယွင်းချက်မဟုတ်ပါဘူး။ ဒါကို ကိုယ့်အားနည်းချက်လို့ မသတ်မှတ်ဖို့ ပထမဆုံး ပြောပါရစေ။

တင်ဘေးဘက်ချိုင့်တာကို ခွဲစိတ်တာ၊ အဝတ်အစားကို လှည့်စားပြီး ဝတ်ဆင်တာ ပြီးတော့ လေ့ကျင့်ခန်းတွေနဲ့ မချိုင့်အောင် ကြိုးစားနိုင်ပါတယ်။ သင်က လေ့ကျင့်ခန်းနဲ့ ကြိုးစားချင်သူဆိုရင်တော့ ဒီလေ့ကျင့်ခန်းသုံးခုကို အကြံပြုပါရစေ။ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Fire hydrants


ကြမ်းပြင်မှာ လေးဘက်ကုန်းအနေအထားနေပေးပါ။ ပြီးရင်တော့ ခြေထောက်တစ်ဘက်ကို ဘေးဘက်ပင့်တင်ပေးပါ။ ပြီးရင်တော့ နဂိုပုံစံပြန်သွားပေးပါ။ ဘယ် ၂၀ ညာဘက် ၂၀ ပြုလုပ်ပေးရပါမယ်။

၂။ Side Leg Raises


ခါးထောက်ပြီး မတ်တပ်ရပ်လိုက်ပါ။ ပြီးနောက် ဘယ်ခြေထောက် သို့မဟုတ် ညာခြေထောက်ကို ပုံထဲမှာ ပြထားတဲ့အတိုင်း ဘေးကို မြှောက်ပေးပါ။ ဘယ်ဘက်ကို အခါ ၂၀ ညာဘက်ကို အခါ ၂၀ လုပ်ပေးပါ။

၃။ Crab Walks


Squat ထိုင်တဲ့ပုံစံမျိုး နဲ့ လက်နှစ်ဘက်ကို ယှက်ထားပေးပါ။ ပြီးရင်တော့ ဒီအနေအထားနဲ့ပဲ ဘယ်ဘက်ကို သွားပေးပါ။ ပြီးနောက် ညာဘက်ကို ထပ်သွားပေးပါ။ ဒါကိုလည်း ဘယ်ဘက်သွားတာ ၂၀ ညာဘက် သွားတာ၂၀ ပြုလုပ်ပေးပါ။

ဒီ လေ့ကျင့်ခန်းသုံးခုလုံး ပြုလုပ်ပြီးနောက် တစ်မိနစ်နားပြီး နောက်တစ်ကြိမ်ထပ်လုပ်ပေးပါ။လေ့ကျင့်ခန်းတွေကို ပိုမြင်သွားအောင် Video ကို ကြည့်ပေးပါနော်။

Source: www.kobokofitness.com

By MyStyle Myanmar