နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေလည်း များပြားရှိလာတဲ့ခေတ်ကြီးမှာ အရာရာမှာ သူတစ်ပါးထက် နှာတစ်ဖျားသာနေမှသာ အောင်မြင်မှုဆိုတာကို ဆွတ်ခူးရရှိနိုင်မှာပဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အလုပ်ခွင်မှာ တက်ကြွမှုအပြည့်မရှိဘဲနဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ မသေချာ မလွယ်ကူတဲ့ အရာတစ်ခုပါ။ ကျောင်းနေပျော်မှ စာတော်မည်ဆိုတဲ့ စကားပုံအတိုင်း လုပ်ငန်းခွင်မှာလည်း နေပျော်မှ ကိုယ့်အတွက် အလားလာကောင်းတွေ အများကြီးရရှိနိုင်မှာပဲ့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ ကိုယ်ရဲ့လုပ်ငန်းခွင်မှာ အများနဲ့မတူဘဲ နေ့စဉ်လန်းဆန်းတက်ကြွနေစေဖို့ အောင်မြင်သူတို့လုပ်ဆောင်လေ့ရှိတဲ့ သော့ချက်လေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်နော်…

ကိုယ့်ရဲ့ဦးတည်ချက်ပန်းတိုင်ကို မမေ့ပါနဲ့

တစ်ခါတစ်ရံ လုပ်ငန်းဆောင်တာတွေများပြီး ကိုယ်လုပ်နေရတဲ့ ဦးတည်ချက်ကို မေ့လျော့သွားတတ်ပါတယ်။ ကိုယ်က ဘယ်အရာကို ဘာအတွက်လုပ်နေရလဲဆိုတာကို အမြဲသတိနဲ့ ပြန်လည်သုံးသပ်ပါ။ ယနေ့ခေတ်အခါမှာ Work Hard ထက် Work Smart က သင့်ကိုအောင်မြင်မှုဆီ ပို့ဆောင်ပေးမှာဖြစ်လို့ အရာရာကို ဦးတည်ချက်ရှိရှိနဲ့ ပါးနပ်စွာလုပ်ဆောင်ပါ။

Diaryရေးတဲ့ အလေ့အကျင့်ကို သင်ယူပါ

တနေ့တာခံစားချက်တွေကို Diary ရေးထားခြင်းဟာ နောင်တစ်ချိန်မှာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စေဖို့ အထောက်အကူများစွာပြုပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း ကိုယ်စွမ်းဆောင်နိုင်ခဲ့သမျှကို Diary အဖြစ် ချရေးပြီး ပြန်ပြန်ဖတ်ပြီး မိုတီယူနိုင်ပါသေးတယ်နော်။ အဲ့ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့စွမ်းဆောင်ရည်ကို သင်ကိုယ်တိုင် သတိပြုမိစေလို့ Self-Confidence လည်း တိုးပွားလာစေနိုင်မှာ အသေအချာပါပဲ့။

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီကနေ Feedback တောင်းပါ

လုပ်ငန်းခွင်မှာ ကိုယ့်စွမ်းဆောင်နိုင်စွမ်းကို အပြည့်အဝသိထားမှသာ ယုံကြည်မှုရှိရှိ ဆက်လက်လုပ်ဆောင်နိုင်မှာပဲ့ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို သိနိုင်ဖို့ဆိုရင်တော့ ကိုယ်နဲ့အနီးစပ်ဆုံးမှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေထံက အကြံဉာဏ်တောင်းတာက အကောင်းဆုံးပါပဲ့။ အကယ်လို့ သင်သာ ကောင်းတဲ့ Feedback မျိုးရခဲ့မယ်ဆိုရင် ဒါဟာသင့်အတွက် အားတက်စရာတစ်ခု ဖြစ်စေမှာပါ။ အရေးကြီးတာတစ်ခုကတော့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ဟာ သင်ယုံကြည်ရတဲ့လူဖြစ်နေဖို့တော့ လိုမယ်နော်။

ကိုယ့်ကိုယ်ကိုသာ ပြိုင်ဘက်လို့သဘောထားပါ

ဘယ်နေရာမှာမဆို သူတစ်ပါးကို လိုက်ယှဉ်ပြိုင်ခြင်းဟာ သင့်ကို ကောင်းကျိုးမပေးနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်သာ ပြိုင်ဘက်လို့သဘောထားပြီး တနေ့ထက်တနေ့ တိုးတက်အောင်ကြိုးစားနေမယ်ဆိုရင်တော့ သင်ဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါ့အပြင် သင့်ကိုယ်သင် အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲနေရလို့ ပျင်းရိငြီးငွေ့နေဖို့တောင် အချိန်ရတော့မှာ မဟုတ်ပါဘူး။

Comfort Zone ထဲကနေ ထွက်ပါ

လုပ်ငန်းခွင်မှာ ကျွမ်းကျင်ရာတာဝန်တစ်ခုထဲကိုပဲ လုပ်ဆောင်နေရလို့ ငြီးငွေ့လာပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေမယ့် ပညာရပ်အသစ်တွေကို အဆက်မပြတ် လေ့လာဆည်းပူးပါ။ ပညာရဲရင့် ပွဲလယ်တင့်ဆိုသလိုပဲ ဝမ်းစာပြည့်နေမယ်ဆိုရင် ဘယ်နေရာမှာမဆို သင့်ကိုယ်သင်ယုံကြည်မှုအပြည့်နဲ့ တက်တက်ကြွကြွလုပ်ဆောင်နိုင်မှာပဲ့ ဖြစ်ပါတယ်။

Source: Brightside