၀က်ခြံဖြစ်တတ်တဲ့သူတွေအတွက် မိတ်ကပ်နဲ့ ဝက်ခြံဖုလေးတွေကို ဘယ်လိုဖုံးရမလဲဆိုတာ ပြောပြချင်ပါတယ်။

ဘယ်လိုမိတ်ကပ်မျိုးသုံးမလဲ

အဆီမပါတဲ့ (oil-free) မိတ်ကပ်

အရင်လိမ်းရမဲ့ Primer ခရင်မ်ကိုလည်း အဆီမပါတာသုံးပါ။

ပေါင်ဒါဖောင်ဒေရှင်းကို သတ္တုဓါတ်ပါတာသုံးပါ။ (Mineral-Powder Foundation)

Concealer ကို ကိုယ့်အသားအရေအရောင်နဲ့ သင့်တော်တာကို ရွေးချယ်ဝယ်ယူပါ။

ပေါင်ဒါကိုသုံးပါ။ အဆီပြန်တတ်တဲ့ အသားအရေအတွက်လည်း အထူးသင့်တော်ပါတယ်။

မိတ်ကပ်လိမ်းမယ်

မျက်နှာသေချာသစ်ပြီး Moisturizer လိမ်းပါ။ ရေဓါတ်များများပါတာကိုရွေးလိမ်းပါ။ နေလောင်ဒဏ်ကာကွယ်ဖို့အတွက် Suncreen ပါတဲ့ Moisturizer ကိုလိမ်းပါ။

ကိုယ်သုံးမဲ့ Brush ကို ပြင်ဆင်ပါ။

Moisturizer လိမ်းပြီး မိနစ်အနည်းငယ်လောက်ဆိုရင် Brush နဲ့ Primer ကို စလိမ်းပါ။

ပြီးရင် Concealer ကိုလိမ်းပါ။ Concealer ကိုဝက်ခြံပေါ်မှာ X ပုံစံလိမ်းပေးပြီး ခပ်ဖွဖွ ပုပ်ပေးပါ။ ပြီးရင် မျက်နှာတစ်ခုလုံးကို ခပ်ပါးပါးလိမ်းပါ။

ပြီးရင် ဖောင်ဒေးရှင်း ပုပ်ပေးပါ။

မျက်နှာပေါ်မှာ အဖုတွေရှိနေသေးရင် ဖောင်ဒေးရှင်းလိမ်းပြီး ခဏစောင့်ကာ ဝက်ခြံပေါ်မှာ Concealer အနည်းငယ် ထပ်လိမ်းပါ။ ပြီးရင်တော့ ပေါင်ဒါ ကို Brush နဲ့ ညှင်သာစွာလိမ်းပါ။

မိတ်ကပ်လိမ်းတဲ့နေရာမှာ လက်နဲ့လိမ်းမဲ့အစား Brush တွေကို set လိုက်ဝယ်ပြီးလိမ်းကြည့်ပါ။ မိတ်ကပ်ညီညီနဲ့ ပိုပြီးလှလာမှာဖြစ်ပါတယ်။

Source: Katerina Williams