မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူတစ်ယောက်မှာ ဝိတ်ကျဖို့အတွက် အစားလျှော့စားပြီး လေ့ကျင့်ခန်းလုပ်ပေးရပါတယ်။ အဆီတက်ခြင်းဆိုတာကလည်း ခန္ဓာကိုယ်ထဲ ကယ်လိုရီပမာဏများနေလို့ပါပဲ့။ ခန္ဓာကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းစေဖို့ ပြေးခြင်း ရေကူးခြင်းစတဲ့ အဆီလောင်ကျွမ်းမြန်တဲ့ Cardio လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်နော်။ စားသောက်တဲ့အဆီအဆိမ့်တွေများလေလေ ကယ်လိုရီပိုတက်လေလေပါပဲ့။

ဒီတော့ အဆီကျလှပချင်တဲ့သူတွေရော အားကစားလုပ်တဲ့သူတွေပါ ကယ်လိုရီတွေက ဘယ်အချိန်မှာ အများဆုံးလောင်ကျွမ်းလေ့ရှိသလဲဆိုတာကို သိထားမယ်ဆိုရင်တော့ ပိုပြီးအကျိုးရှိစေမှာပါ။

ကယ်လိုရီအများဆုံးလောင်ကျွမ်းတဲ့အချိန်ကတော့

Late Afternoon ပါတဲ့။ ဒီတော့ Late Afternoon ဆိုတာ ဘယ်အချိန်လဲ။ နေ့လည်မှာ နောက်ကျတဲ့ အချိန်ဆိုပြီး အတိအကျမရှိပါဘူး။ နေ့လည်အချိန်က နေ့လည် ၁၂ နာရီစတင်ပြီး ညနေ ငါးနာရီ ခြောက်နာရီအချိန်ခန့်မှာကုန်ဆုံးပါတယ်။ ဒီတော့ Late Afternoon ဆိုတာ ညနေ ၅နာရီဝန်းကျင်ကစပြီး နေဝင်တဲ့ ၆ နာရီကျော်အချိန်ထိလို့မှန်းဆရပါတယ်။

လေ့လာမှုတစ်ခုအရ Late Afternoon နဲ့ Early Evening (ညနေ ၆ နာရီအစ) အချိန်မှာ ကယ်လိုရီ ၁၀ ရာခိုင်နှုန်းပိုမိုလောင်ကျွမ်းပါတယ်တဲ့။

ဘာကြောင့် ဒီအချိန်မှာ ကယ်လိုရီလောင်ကျွမ်းမှုပိုများတာလဲ

ဒီအချိန်က သင်မနက်ပိုင်းနဲ့ နေ့လည်ချိန်စားခဲ့တဲ့ အစားအသောက်ကယ်လိုရီတွေ လောင်ကျွမ်းတဲ့အချိန်ပါ။ Late Evening (ည ၈ နာရီ ၉ နာရီဝန်းကျင်) မှာတော့ ကျွန်မတို့ ဗိုက်ဆာတတ်ကြပါတယ်။ ဒါဟာ Late Afternoon မှာကယ်လိုရီလောင်ကျွမ်းသွားလို့ပါ။

Late Afternoon အချိန်မှာ ဇီဝဖြစ်ပျက်မှုလည်းမြန်ဆန်နေပါတယ်။ ဒီလိုမြန်ဆန်လေ ကယ်လိုရီလောင်ကျွမ်းမှုပိုမြန်လေပါပဲ။

ဒါကြောင့် Late Afternoon အချိန်ဖြစ်တဲ့ ညနေ ၅ နာရီ ၆ နာရီအချိန်က ကယ်လိုရီလောင်ကျွမ်းဖို့ အမြန်ဆုံးအချိန်ဖြစ်တဲ့အတွက် အားကစားလုပ်ဖို့ အကောင်းဆုံးအချိန်ပဲ့ ဖြစ်ပါတယ်နော်။