သင်ပုံမှန် ဝတ်နေကျ ဂါဝန်တစ်ထည်တော့ ရှိမှာပါ။ ဒီဂါဝန်လေးက သင့်အသားအရောင်နဲ့ လိုက်ဖက်ပြီး ဝတ်လိုက်တဲ့နေ့ဆိုရင် သင့်ကို ပိုပြီး ထူးထူးခြားခြား လှနေအောင် ပံ့ပိုးပေးတတ်ပါသေးတယ်။ ဒါပေမဲ့ ဝတ်ပြီးသား အဝတ်အစားအများစုကို နောက်တစ်ခေါက် ပြန်မဝတ်ချင်တဲ့ စိတ်မျိုး သင်ဖြစ်ဖူးမှာပါ။ အထူးသဖြင့် ဂါဝန်တွေဆို ပိုဆိုးပါတယ်။ တစ်ကိုယ်လုံးစာ ဖက်ရှင်ဖြစ်တာမို့ ထပ်ခါထပ်ခါ ဝတ်လို့ မရပြန်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ တစ်ထည်တည်းကိုပဲ ပုံစံမတူတော့တောင် ဝတ်ဆင်နည်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ အသားကပ်ဝတ်ဆင်ပါ
အရင်တုန်းက အောက်ဘက်က အသားကပ် မဝတ်ဘဲ ဒီအတိုင်းပဲ ဂါဝန်ဝတ်လေ့ရှိရင်တော့ ဒီတစ်ခေါက်မှာ အသားကပ်လေး ဝတ်ကြည့်သင့်ပါတယ်။ အသားကပ် အဖြူရောင်၊ အနက်ရောင် စတာတွေကို အမျိုးမျိုး ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။
၂။ အပြင်ထပ်ဝတ်လိုက်ပါ
ရာသီဥတုအလိုက် အပြင်ထပ်လေးတွေ ရွေးချယ်ဝတ်နိုင်ပါတယ်။ ဂါဝန်ပေါ်ကနေ ဂျင်းအနွေးထည်ထပ်ဝတ်တာ၊ အနွေးထည် ပါးပါးလေး ဝတ်လိုက်တာ၊ လက်ရှည် Flannel ကွက်လေး ထပ်ဝတ်လိုက်တာ စသဖြင့် အမျိုးမျိုး ဖန်တီးနိုင်ပါတယ်။
၃။ ခါးပတ်
ဂါဝန်ပေါ်က ခါးပတ် ပါးပါး ဒါမှမဟုတ် အပြားကြီး ပတ်ပေးနိုင်ပါတယ်။ ပထမရက်မှာ ခါးပတ်နဲ့ နောက်ရက် ဘာမှမပတ်ဘဲ ဝတ်ဆင်နိုင်ပါတယ်။ ဒီလို ပတ်ပေးလိုက်တာက သင့်ခါးကိုပါ ပိုထူးခြားသွားစေပါတယ်။
၄။ ဆွဲကြိုးကနေ ပဝါ
ဂါဝန်ကို ထူးခြားသွားအောင် ဆွဲကြိုး အမျိုးမျိုး ပြောင်းဝတ်နိုင်ပါတယ်။ ဖန်စီ ဆွဲကြိုးလေးတွေ၊ ရွှေဆွဲကြိုး၊ ငွေဆွဲကြိုး စသဖြင့် အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
၅။ ဖိနပ်အမျိုးမျိုး ပြောင်းဝတ်ပါ
ဂါဝန်တစ်ထည်တည်းကို ထူးခြားနေအောင် ဖိနပ်ကလည်း ပံ့ပိုးပေးပါတယ်။ ဂါဝန်ကို Sneaker ဖိနပ်၊ ဘွတ်ဖိနပ်၊ ဖိနပ်အပါး၊ ကြိုးသိုင်းဖိနပ် စသဖြင့် တွဲဖက်ပြီး မျိုးစုံ ပြောင်းနိုင်ပါတယ်။
၆။ ဆံပင်ပုံ ပြောင်းပါ
ဂါဝန်ကို ပုံစံပြောင်းမှ ပြောင်းလဲတာမဟုတ်ပါဘူး။ အင်္ကျီကို ထိစရာမလိုဘဲ ပြောင်းလဲန်ိုင်တဲ့ နည်းလမ်းကတော့ ဆံပင်ပုံစံကို အမျိုးမျိုးပြောင်းတာပါ။ ကျစ်ဆံမြီးကျစ်တာ၊ ဆံပင်ကို ဒီအတိုင်းချထားတာ၊ ဆံထုံးထုံးတာ စသဖြင့် အမျိုးမျိုး ပြုလုပ်ပြီး ဂါဝန်ကို ပုံစံပြောင်းနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar