ဆံပင်ကျွတ်တဲ့ပြဿနာဟာ အရွယ်ရောက်ပြီးသူ ယောကျာ်း မိန်းမမရွေး တော်တော်များများမှာ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ အဲဒီလို ဆံပင်တွေအရမ်းကျွတ်ပြီး ဆံပင်ပါးလာတဲ့ပြဿနာကို ကြုံတွေ့နေရတဲ့သူလေးတွေအတွက် ကြက်သွန်နီကို အသုံးပြုပြီး ဆံပင်ပြန်လည်ကောင်းမွန်သန်စွမ်းစေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ ၁ လုံး

အုန်းဆီစားပွဲတင်ဇွန်း ၃ ဇွန်း

အုန်းဆီကို ဆံကေသာသန်စွမ်းစေဖို့နဲ့ ဆံကေသာနဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် များစွာအသုံးပြုကြပါတယ်။ အုန်းဆီမှာ Fatty Acids နဲ့ Amino Acids ပါဝင်ပြီး သင့်ဆံကေသာကို အာဟာရဓာတ်ဖြည့်စွမ်းပေးနိုင်သလို ဆံပင်ကျွတ်ခြင်း၊ ဆံပင်ခြောက်ခြင်းနဲ့ ဆံပင်အဆီပြန်ခြင်းကို လျော့နည်း သက်သာစေပါတယ်။

ဒါ့အပြင် ကြက်သွန်နီဟာ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ကြက်သွန်နီမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ဆံပင်ပေါက်တဲ့အမြစ်လေးတွေကိုလည်း သန်စွမ်းစေပါတယ်။ ဦးရေပြားခြောက်သွေ့တာနဲ့ ဦးရေပြားမှာအနာတွေဖြစ်ပေါ်ခြင်းကနေလည်း ကာကွယ်ပေးနိင်ပါတယ်။

အုန်းဆီနဲ့ ကြက်သွန်နီကို ပေါင်းလိုက်မယ်ဆိုရင်တော့ ကျွတ်သွားတာ ဆံကေသာကို ပြန်ပြီးသန်စွမ်းစေမှာဖြစ်သလို၊ ဆံပင်ကျွတ်တာကိုလည်း သိသိသာသာ သက်သာစေပါတယ်။

အသုံးပြုနည်း

အရင်ဆုံး အုန်းဆီကို အပူပေးလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး အရည်ညှစ်ထုတ်လိုက်ပါ။ ပြီးရင် နှစ်ခုရောလိုက်ပြီး ဦးရေပြားပေါ်လိမ်းပေးကာ ညင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၄၀ လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးရင် လုံလောက်ပါပြီနော်။

ကဲ..ဆံပင်ကျွတ်လွန်းလို့ ဆံပင်ပါးလာပြီဆိုတဲ့သူလေးတွေရေ ဒီသဘာဝနည်းလမ်းလေးကို ပုံမှန်လုပ်ပေးခြင်းအားဖြင့် ထူထဲနက်မှောင် သန်စွမ်းတဲ့ဆံနွယ်လေးတွေကို ပိုင်ဆိုင်လိုက်ကြရအောင်..