Treatment လုပ်စရာမလိုဘဲ ကိုယ့်အိမ်မှာပဲ ချောမွေ့တဲ့ Korean Glass Skin ပိုင်ဆိုင်ချင်တယ်ဆိုရင် လုပ်ရမယ့် အဆင့်တွေကို သေချာလိုက်နာဖို့ လိုပါမယ်။ ကိုးရီးယားက တချို့မိန်းကလေးတွေရဲ့ အသားအရေက စိုပြေကြည်လင်ပြီး အမည်းစက်၊ အပြစ်အနာအဆာ မရှိဘဲ အားကျစရာ ကောင်းလှပါတယ်။ သင်က သူတို့လို အသားအရေတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အိပ်ရေးဝအောင် စောစောအိပ်သင့်ပါတယ်။ ရေများများသောက်ရပါမယ်။ ချွေးထွက်အောင် အားကစားလုပ်ပေးရပါမယ်။ အသီးအရွက်ပိုစားပေးရပါမယ်။ ဒီအချက်တွေကို လိုက်နာပြီးရင်တော့ နောက်ထပ် အဆင့်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ Oil and Foam Cleaning

ဒါကိုတော့ Double Cleansing လို့ခေါ်ပါတယ်။ ပထမဆုံး ပုံမှန်မျက်နှာသစ်ဆေးနဲ့ မသန့်စင်ဘဲ ဆီကို သုံးပေးရပါမယ်။ Cleansing Oil နဲ့ သန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သစ်ပေးရပါမယ်။

၂။ Exfoliation

Dry Skin ကိုပိုင်ဆိုင်တဲ့ပျိုမေတွေအနေနဲ့ တစ်ပတ်မှာ တစ်ခါကနေ နှစ်ခါ ချေးချွတ်သင့်ပါတယ်။ ပုံမှန်အသားအရေဆိုရင်တော့ တစ်ပတ်မှာ Mild Exfoliator နှစ်ကြိမ်ကနေ သုံးကြိမ်ချေးချွတ်နိုင်ပါတယ်။

၃။ Toning

ကိုယ့်အသားအရေအမျိုးအစားအလိုက် သင့်တော်တဲ့ Toner ကိုသုံးပေးရပါမယ်။

၄။ Essence

Essence က အရည်ကြည်ပါ။ ဒါပေမဲ့ Serum ထက် ပျစ်တဲ့ ပုံစံမျိုး တွေ့ရများပါတယ်။ မျက်နှာအစိုဓာတ်နဲ့ တင်းရင်းစေဖို့ရည်ရွယ်ပါတယ်။

၅။ Serum

Essence လိမ်းပြီးရင်တော့ Serum လိမ်းပေးသင့်ပါတယ်။ Essence, Serum တွေက ဈေးကြီးတာ များတဲ့အတွက် အနည်းငယ်တော့ ရင်းနှီးမြှုပ်နှံရာ သဘောဖြစ်ပါမယ်။

၆။ Sheet Mask

Serum လိမ်းပြီးနောက်မှာတော့ Sheet Mask ကပ်ပေးရပါမယ်။ ကိုယ့်အသားအရေအမျိုးအစားအလိုက် အညွှန်းမှာရေးထားတဲ့ Mask တွေကို ရှာဖွေကပ်ပေးသင့်ပါတယ်။

၇။ Eye Cream

မျက်လုံးအောက် အရေပြားနုနုလေးတွေအတွက် Eye Cream ကိုလိုအပ်ပါတယ်။ အရေးအကြောင်းသက်သာချင်တယ်ဆိုရင်တော့ ၂၅ နှစ်အထက်ဆိုရင် Retinol ပါဝင်တဲ့ Eye Cream ကိုသုံးသင့်ပါတယ်။

၈။ Moisturizer

ဒီအဆင့်ကတော့ အရေးအကြီးဆုံးပါပဲ။ မျက်နှာကို အမြဲအစိုဓာတ်ရအောင် ထားပေးသင့်ပါတယ်။ အရည်အသွေးကောင်းတဲ့ Moisturizer ထဲက ရွေးသုံးပေးသင့်ပါတယ်။ ဖန်တီးထားတဲ့ ရှားစောင်းလတ်ပတ်ဂျယ်တွေကိုတော့ သတိထားသုံးသင့်ပါတယ်။

၉။ Sleeping Mask

ဒါကတော့ညဘက်မှာ လိုအပ်တာပါ။ အိပ်တဲ့အချိန် မျက်နှာထဲ လိုအပ်တဲ့ဗီတာမင်တွေစီးဝင်ဖို့ လိမ်းသင့်ပါတယ်။ မနက်ပိုင်းမင်းသမီးလေးတစ်ပါးလို လှသွားဖို့ပါ။

၁၀။ Sunscreen

Sunscreen ကလည်း အဝတ်ဝတ်သလို အသားအရေမှာ အမြဲတမ်းလိမ်းပေးရမယ့် အရာပါ။ SPF 50 ပါဝင်တဲ့ Sunscreen ကိုလိမ်းပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar