မင်္ဂလာပါ… ပျိုမဒီတို့ရေ… ဂျင်းဘောင်းဘီဆိုတာ ဘာနဲ့ပဲတွဲဝတ်ဝတ် အဆင်ပြေလိုက်ဖက်တာကြောင့် ဖက်ရှင်အတွက်ဆို မရှိမဖြစ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဂျင်းဘောင်းဘီကို ဒီအတိုင်းကြီးဝတ်ရတာ ရိုးလာပြီဆိုရင် သင့်အသွင်အပြင်ကို ငြီးငွေ့လာနိုင်ပါတယ်။

ဒါကြောင့် ဂျင်းဘောင်းဘီကို ပုံမှန်ဖက်ရှင်ကနေကွဲထွက်စေဖို့ ဂျင်းဘောင်းဘီနဲ့အတူတူ တွဲဝတ်သင့်တဲ့ပစ္စည်းတွေကို ဖော်ပြလိုက်ပါတယ်။

ဦးထုပ်

ဦးထုပ်က နေပူပူကို သက်သာစေသလို ဖက်ရှင်လည်းကျစေပါတယ် ။ ခပ်မိုက်မိုက်ပုံစံဖြစ် ချင်ပါသလား ? ဦးထုပ်ဆောင်းပါ။

အရောင်တောက်တောက် ရှပ်တစ်ထည်

ဂျင်းဘောင်းဘီကို Top အဖြူနဲ့ တွဲဝတ်ထားတာက မရိုးတဲ့ဖက်ရှင်ပါ ။ ဒါကိုမှ အပေါ်ကနေ အရောင်တောက်တောက် ရှပ်တစ်ထည်လောက် ထပ်ဝတ်လိုက်ပါ။ သင့်ကို ပိုပြီးတောက်ပစေမှာပါ။

ပန်းရောင်

ဂျင်းဘောင်းဘီနဲ့ပတ်သက်လာရင် ရေပန်းအစားဆုံးနောက်တစ်ခုက ချစ်စရာကောင်းတဲ့အသွင်ကိုရရှိစေဖို့ ပန်းရောင်အင်္ကျီ ဖိနပ် အိတ် တခုခုနဲ့ တွဲဖက်တာပါပဲ။

လည်ဆွဲ

စိတ်ခံစားချက်ပေါ်မူတည်ပြီး လိုက်ဖက်တဲ့ဆွဲကြိုးလေးတွနဲ့လည်း တွဲဖက်ဝတ်ဆင်လိုက်ပါ။ လက်ဝတ်ရတနာဆိုတာက ဘယ် Outfits ကိုမဆို အဆင့်မြင့်စေပါတယ်။

အမိုက်စား ဘွတ်ဖိနပ်

ပုံမှန်ဝတ်နေကျ Sneakers များအစား အမိုက်စား ဘွတ်ဖိနပ်တစ်ရံနဲ့ တွဲဝတ်ကြည့်လိုက်ပါ။

နေကာမျက်မှန်

အရေးပေါ်စတိုင်ထုတ်ဖို့လိုလာခဲ့ရင် အသုံးပြုလို့ရအောင် အိတ်ထဲမှာမျက်မှန်တစ်လက်အမြဲထားပါ။