လူတွေပြောပြောနေကျဖြစ်တဲ့ စကားလုံးတွေထဲမှာ ပိုက်ဆံနဲ့ အရာရာကိုဝယ်လို့မရဘူး ဖန်တီးလို့မရဘူးဆိုတာက မှန်သင့်သလောက်မှန်ပေမယ့် တချို့သောပျော်ရွှင်မှုတွေကိုတော့ပိုက်ဆံနဲ့ ဖန်တီးရယူလို့ရပါတယ်နော်။

ကဲ..ဘယ်လိုပျော်ရွှင်မှုတွေက ပိုက်ဆံနဲ့ အလွယ်တကူဖန်တီးရယူလို့ရသလဲဆိုတာကို MyStyle Myanmarရဲ့ အမာခံပရိသတ်လေးတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Depression ဝင်စရာမလိုတော့ဘူး

တချို့က ကိုယ်လုပ်ချင်တာမလုပ်နိုင်လို့၊ ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်မလုပ်နိုင်တော့လို့၊ ကိုယ့်ရည်မှန်းချက် အလှမ်းဝေးလို့၊ ပိုက်ဆံမရှိလို့ Depression ဝင်ကြတယ်။ ဒီလိုအရာမျိုးတွေက ပိုက်ဆံရှိရင် Depression ဝင်စရာမလိုတော့ဘူးပေါ့။ တခြားအရာတွေကြောင့် Depression ဝင်တာမျိုးကတော့ ပိုက်ဆံနဲ့လုပ်ယူလို့မရဘူးပေါ့။

သင်ယူချင်တာ အကုန်သင်ယူနိုင်မယ်

ကိုယ်တက်ချင်တဲ့အရာတွေတက်နိုင်မယ် ကိုယ်ဖြစ်ချင်တာတွေဖြစ်အောင် တတ်မြောက်အောင် လွယ်လွယ်ကူကူနဲ့ အားလုံးသင်ယူနိုင်မယ်။ တချို့ကျ တက်ချင်ပေမယ့် ဖြစ်ချင်ပေမယ့် ပိုက်ဆံမရှိလို့ မလုပ်နိုင်တာတွေ အများကြီးရှိပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး Stressပိစရာ မလိုတော့ဘူး

ငွေးရေးကြေးရေးစိတ်ပူနေရတဲ့ ဒုက္ခတွေမရှိတော့ဘူး။ ငွေးရေးကြေးရေးကြောင့် ရလာမယ့် Stressတွေလည်း မရှိတော့ဘူး။

ခရီးတွေ အသားကုန်ထွက်မယ်

ပိုက်ဆံရှိရင် ဒီထက်မကပိုကောင်းတဲ့အရာတွေဆီ သွားနိုင်မယ်။ စိတ်ညစ်ရင်လည်း လွယ်လွယ်ကူကူ ခရီးတွေ ထွက်လို့ရမယ်။ သွားချင်တဲ့အရပ်ဒေသကို လွယ်လွယ်ကူကူသွားပြီး ပျော်ရွှင်မှုတွေ ဖန်တီးနိုင်မယ်။

ပိုက်ဆံကို ပေါပေါသီသီသုံးပစ်မယ်

တစ်ခုခုဆို ပိုက်ဆံကို ချိန်ပြီး လောက်ပါ့မလားဆိုပြီး စိုးရိမ်နေစရာမလိုတော့ဘူး။ ကိုယ်သုံးချင်သလောက် အလွယ်တကူ သုံးလို့ရမယ်။

လိုချင်တာမှန်သမျှ အကုန်ဝယ်မယ်

ပိုက်ဆံရှိနေရင် ကိုယ်လိုချင်တာအကုန်ဝယ်နိုင်မယ်။ လိုချင်တာအကုန်ရနေရင် စိတ်ပျော်ရတာပဲလေ။

အလှူအတန်းတွေ များများလုပ်နိုင်တယ်

ပိုက်ဆံရှိနေရင် အလှူအတန်းတွေ အများကြီးလုပ်နိုင်မယ်။ ကိုယ်လှူချင်သလောက် စိတ်ရှိတိုင်း ခဏခဏလှူရတာမျိုးကလည်း ပျော်ရွှင်မှုပါပဲ။ ဒါကြောင့် ပိုက်ဆံရှိအောင် ကြိုးစားပြီး ပျော်ရွှင်မှုတွေ ဖန်တီးယူလိုက်ပါ။