ငှက်ပျောသီးစားပြီးရင် ငှက်ပျောခွံကို လွှင့်ပစ်မယ့်အစား ပျိုမေတို့ရဲ့ အလှအပအတွက် ဒီလိုလေး အသုံးချလို့ရတယ်နော်။ ဘာလို့လဲဆိုတော့ ငှက်ပျော်ခွံကို အသုံးပြုပြီး ဖုန်မှုန့် အညစ်အကြေးတွေနဲ့ ချွေးပေါက်ပိတ်ပြီး ဖြစ်ပေါ်လာတဲ့ ဝက်ခြံတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

ဒါကြောင့် ‌ဝက်ခြံပျောက်ဖို့အတွက် အလှကုန်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်သုံးမယ့်အစား အကုန်ကျနည်းပြီး ထိရောက်တဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို အသုံးပြုပြီး ဝက်ခြံကို အမြစ်ဖြတ် ဖယ်ရှားလိုက်ကြရအောင်…

ငှက်ပျောခွံ

ပထဆုံး ရေအေး ၊ နွားနို့နဲ့ မျက်နှာသစ်ပါ။ ပြီးရင်တဘက်နဲ့သုတ်ပေးပါ။ ငှက်ပျောခွံကို သေးသေးလေးလှီးပြီး (သို့) ၄ ပိုင်းလောက်ပိုင်းပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်လောက်ပွတ်တိုက်ပေးပါ။ ငှက်ပျောခွံက ညိုလာပြီဆိုရင် လွှင့်ပစ်လိုက်ပြီး အသစ်တစ်ခုနဲ့လဲပါ။ တစ်ခါပွတ်တိုက်ပြီးရင် မိနစ် ၂၀ လောက်ထားပြီး မျက်နှာသစ်ချပါ။ ဒီနည်းလမ်းအတိုင်း တစ်နေ့ ၂ကြိမ် ၃ ကြိမ်လောက် လုပ်ပေးပါ။

ငှက်ပျောခွံနဲ့ ပျားရည်

ငှက်ပျောသီးခွံကို ပြဲအောင်လုပ်ပြီး အဲဒီငှက်ပျောခွံက အဖြူရောင်ပျော့ဖတ်တွေကို ခြစ်ချပြီး အဲဒီပျော့ဖတ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် ဇွန်းတစ်ဝက်ကိုရောပြီး မျက်နှာပေါ်မှာ လိမ်းပါ။ ပြီးရင် ၁၅မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ အဆီမပါတဲ့ Moisturizer လိမ်းပေးပါ။ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

ငှက်ပျောခွံနဲ့ သံပုယိုသီး

သံပုယိုသီးမှာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ငှက်ပျောခွံမှာ ကပ်နေတဲ့ အဖြူရောင် အဖတ်တွေကို ခြစ်ချပြီး သံပုယိုရည် အညီအမျှညှစ်ထည့်ပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ ငြင်သာစွာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးနဲ့ ဆေးချပါ။ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

ငှက်ပျောခွံနဲ့ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါဟာ ချွေးပေါက်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရမှာ အာနိသင်ရှိပါတယ်။ ငှက်ပျောသီးခွံမှာ ကပ်နေတဲ့ အဖြူရောင်အဖတ်တွေကို ခြစ်ချပါ။ အဲဒီလိုခြစ်ချထားတဲ့ ငှက်ပျောဖတ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ ဇွန်း တစ်ဝက်ကို ရေအနည်းငယ်ရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ၂ မိနစ်လောက် ပွတ်တိုက်ပေးပြီး ရေနွေးနဲ့ ဆေးချပါ။ ဆီမပါတဲ့ Moisturizer ကို မျက်နှာပေါ်မှာလိမ်းပေးပါ။ တစ်နေ့ တစ်ခါလုပ်နိုင်ပါတယ်။