မင်္ဂလာပါနော်။ My Style Myanmar ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီတခါမှာတော့ အလှအပအကြောင်းအရာမျိုး မဟုတ်ပဲ့ တစ်နေ့ တစ်ချိန်မှာ လူတိုင်းကြုံတွေ့ရလေ့ရှိတဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကို ဝေမျှပေးချင်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို အပျော်တွဲနေတာလား လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး တွဲတာလားဆိုတာကို သူနှုတ်ကပြောစရာမလိုဘဲ အလိုလိုသိနိုင်စေမယ့် အချက်တချို့ကို ပြောပြပေးလိုက်ပါတယ်နော်။
ကဲ..သင့်ချစ်သူက သင့်ကို တကယ်ချစ်ပြီး လက်ထပ်ဖို့ထိရည်ရွယ်ထားသူ ဟုတ် မဟုတ်ဆိုတာ ဒီအချက်တွေနဲ့တင် သိနိုင်တဲ့အတွက် ကိုယ့်ချစ်သူက ကိုယ့်ကို အတည်တွဲနေတာလား အပျော်ပဲ့တွဲနေတာလားဆိုတာကို ဝေခွဲမရဖြစ်နေရင် ဒီအချက်လေးတွေနဲ့ တိုက်စစ်ကြည့်ပါနော်…
၁။ သင့်ကို အလေးထား ဦးစားပေးတတ်သူ
စားသောက်ဆိုင်တစ်ခုမှာ အတူတူ ထမင်းစားတဲ့အခါ သူငွေရှင်းပါရစေလို့ သင့်ကို တလေးတစားခွင့်တောင်းပြီး ရှင်းပါလိမ့်မယ်။ အပျော်တွဲတဲ့သူကတော့ သင်ဗိုက်ပြည့်တာ မပြည့်တာ ဂရုစိုက်မနေဘဲ သင့်ရဲ့ ဆန္ဒကိုမမေးဘဲ ငွေရှင်းတာမျိုး ဒါမှမဟုတ် ငွေမရှင်းတာမျိုးလည်း ပြုလုပ်တတ်ပါတယ်။
၂။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားသူ
သင့်ကို လက်ထပ်ဖို့အထိရည်ရွယ်ထားသူ သင့်ကို တန်ဖိုးထားသူဟာ သင်နဲ့တွေ့တဲ့အခါ လူတွေရဲ့ ဆိတ်ကွယ်ရာမှာမဟုတ်ဘဲ အေးချမ်းပြီး သာယာတဲ့နေရာမျိုးမှာ သင်နဲ့တွေ့မှာပါ။ အပျော်တွဲတဲ့သူကတော့ ပါတီပွဲတွေ၊ Club တွေ ဒါမှမဟုတ် လူရှင်းတဲ့နေရာတွေမှာ သင့်ကိုခေါ်တွေ့မှာပဲ့ ဖြစ်ပါတယ်။
၃။ သင့်ဆန္ဒကို လေးစားတတ်သူ
သင့်ရဲ့စိတ်ဆန္ဒမပါဘဲ သင့်ကို ဘာမှလုပ်မယ့်သူမျိုး မဟုတ်ပါဘူး။ တကယ်မချစ်တဲ့သူဆိုရင်တော့ သင့်ရဲ့ စိတ်ဆန္ဒမပါဘဲ အထိအတွေ့ကို ရယူဖို့ ကြိုးစားတတ်ကြပါတယ်။
၄။ ကတိတည်တဲ့သူ
တကယ်မချစ်တဲ့သူကတော့ သင့်ကို ကတိပေးခဲ့ရင်တောင် လွယ်လွယ်ဖောက်ဖျက်တတ်သူမျိုးပဲ့ ဖြစ်ပါတယ်။ တကယ်ချစ်ပြီးလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူကတော့ ပေးတဲ့ကတိကို တည်အောင် ကြိုးစားတတ်တယ်ဆိုတာ သင်မြင်အောင် ပြသပါလိမ့်မယ်။
၅။ အနာဂါတ်အတွက် တိုင်ပင်လေ့ရှိတဲ့သူ
သင့်ကို လက်ထပ်ဖို့ အစီအစဉ်မရှိတဲ့သူဟာ သင်တို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ အနာဂတ်အကြောင်းကို ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ပါဘူး။ သူ့မှာအစီအစဉ်မရှိလို့ပါ။ သင့်ကို တကယ်ချစ်ပြီးလက်ထပ်ချင်သူကတော့ သင်တို့နှစ်ယောက်အနာဂတ်အတွက် ကြိုးစားပြီး အနာဂတ်အကြောင်း တိုင်ပင်မှာ ဖြစ်ပါတယ်။
၆။ သင့်ကို တကယ့်ချစ်တယ်လို့ ခံစားမှုရှိစေသောသူ
သင့်ကို အပျော်တွဲတဲ့သူကတော့ သင့်ကို သူတကယ်ချစ်လား မချစ်ဘူးလားဆိုတာတောင် မသေချာ မရေရာဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း သူသင့်အပေါ် တကယ်ချစ်မချစ်ဆိုတဲ့အပေါ်မှာ စိတ်ချမှုအပြည့်မရတတ်ပါဘူး။ သင့်ကို တကယ်ချစ်ပြီးလက်ထပ်ချင်သူကတော့ သင့်ကို လုံခြုံစိတ်ချစေပြီး သူ့အချစ်ကိုလည်း ယုံကြည်မှုရှိစေပါတယ်။
၇။ သင့်မိဘဆွေမျိုးများနဲ့ နီးစပ်အောင် ကြိုးစားလေ့ရှိတဲ့သူ
သင့်ကိုလက်ထပ်ချင်သူဟာ သင့်မိတ်ဆွေ သင့်မိဘ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ နီးစပ်အောင် ကြိုးစားလေ့ရှိပြီး သူတို့အကြောင်းကိုလည်း စိတ်ဝင်စားပါတယ်။ တကယ်လက်မထပ်ချင်သူကတော့ မေးတောင်မေးမှာ မဟုတ်ပါဘူး။ သူတို့တွေနဲ့ တွေ့ဆုံဖို့ကိုလည်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ရှောင်ရှားတတ်ကြပါတယ်။
ကဲ…အခုပြောပြပေးသွားတဲ့အချက်လေးတွေကို ကြည့်ရင် သင့်ချစ်သူကောင်လေးက သင့်ကို အတည်တွဲနေတာလား အပျော်သက်သက်ပဲ့ကြံနေတာလားဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားမယ်လို့ မျှော်လင့်ပါတယ်။