Kpop Idol အားလုံးဟာ ဘဝတစ်ခုလုံးကို သူတို့ရဲ့ Career ထဲ နစ်မြုပ်ထားရပါတယ်။ အခုနောက်ပိုင်း Idol အများစုက သူတို့ရဲ့ ပြည့်ကျပ်နေတဲ့ အလုပ်အချိန်ဇယားတွေ၊ တင်းကျပ်တဲ့ မျှော်လင့်ခံရမှုတွေနဲ့ စည်းကမ်းတွေကို ချပြလာတတ်ကြပါတယ်။

Idol တွေကြား အငြင်းပွားဖွယ် Topics တစ်ခုကတော့ ရည်းစားထားခွင့်မရှိတာ Dating လုပ်ခွင့်မရှိတာပါ။

Dating News ကို ပေါ်ပေါ်တင်တင်ချပြထားတဲ့ HyunA နဲ့ Dawn က တော့ ရှားရှားပါးပါး စုံတွဲပါပဲ

ဒီ Dating Topics ကို အမေရိကန် YouTuber တစ်ယောက်ဖြစ်တဲ့ Anthony Padilla က လက်ရှိ Solo Artist တွေအနေနဲ့ လုပ်ကိုင်နေကြတဲ့ Boyfriend Member Jeongmin နဲ့ Blady Member ဟောင်း Tina တို့နဲ့ ဆွေးနွေးခဲ့တာပါ။

Jeongmin က သူ အဖွဲ့နဲ့လုပ်ကိုင်ခဲ့စဉ်က စားချိန်တောင် မမှန်နိုင်တာကြောင့် ရည်းစားထားဖို့ဆိုတာ အဝေးကြီးမှာလို့ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ Jeongmin ရဲ့ Starship Entertainment က စည်းကမ်းသိပ်မတင်းကျပ်တာကြောင့်သူက ဖိအားနည်းတဲ့ လူနည်းစုထဲ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ဟာ Fan တွေကြောင့် ရည်းစားထားခွင့်မရှိဘူးလို့ ဖြေခဲ့ပါတယ်။ Fan အများစုက သူတို့ချစ်ရတဲ့Idol တွေနဲ့ စိတ်ချင်းဆက်နေတယ်လို့ ခံယူထားသူတွေပါ။ ဟိုးအရင်အချိန်တွေက Fan အများစုဟာ သူတို့ Idol Dating ထွက်တာနဲ့ အချစ်ကနေ အမုန်းပြောင်းပြီး ဝေဖန်ကာ အန္တရာယ်ဇုံထဲ ထည့်တတ်ကြပါတယ်။

Blady Member ဟောင်း Tina ကလည်း Kpop Industry မှာ Dating ကို ကန့်ကွက်ထားကြပေမယ့် ဒီလိုစုံတွဲခုတ်တာတွေက ဆက်ဖြစ်နေကြောင်းလည်း ပြောပြခဲ့ပါတယ်။ သူမရဲ့ အဆိုအရ Agency က Dating လုပ်နေကြောင်းကို သိနေတတ်ကြပါတယ်။

“ကျွန်မမှတ်မိသလောက် Agency က လူမမိစေဖို့ သတိပေးတတ်တယ်.နင်တို့ Dating လုပ်မယ်ဆိုရင် ငါတို့ မမိစေနဲ့လို့ ပြောတတ်တယ်” လို့ Tina က ဖြေခဲ့ပါတယ်။

သူမက Idol တွေ လူမသိအောင် ဘယ်လို Date ကြလဲ ပါ ပြောပြခဲ့ပါတယ်။

“တိတ်တဆိတ် ခိုးတွေ့တဲ့ နည်းလမ်းတွေကတော့ အများကြီးပေါ့..များသောအားဖြင့် ညဘက်မှာ ဒိတ်တတ်ကြတယ်..ကျွန်မတို့ အလုပ်ချိန်က နေ့ဘက်ဆို ဇယ်ဆက်သလို ပြည့်နေတတ်တာလေ..ကျွန်မတို့က ဆိုလ်းမြို့ ပြင်ကိုထွက်တတ်ကြပြီး ညဘက်မှာ ချိန်းတွေ့တတ်ကြတယ်” လို့ Tina က ပြောပြခဲ့ပါတယ်။

Tina ဆက်ပြောခဲ့တာက “Idol ဆိုတာက ထုတ်ကုန်တွေလိုပဲ..မင်းက ကုမ္ပဏီတွေရဲ့ အကြီးမားဆုံး အဖိုးတန်ပစ္စည်းတွေပဲ..သူတို့ရဲ့ ပိုက်ဆံရှာသမားပေါ့..မင်းDating စထွက်တာနဲ့ Fan တွေက မင်းကို ထားခဲ့နိုင်တယ်..ဒါကိုပဲ ကုမ္ပဏီတွေက စိုးရိမ်နေတာပါ” တဲ့။

iKON Bobby ရဲ့ ကလေးသတင်းနဲ့ မင်္ဂလာပွဲသတင်းမှာတော့ Fan တွေက အရင်က နဲ့ မတူတော့ဘဲ အကောင်းဘက်က လက်ခံလာကြတာတွေ့ရပါတယ်။ ဒါပေမဲ့ Tina အနေနဲ့တော့ ဒီကိစ္စကို Fan အားလုံးလက်ခံမှာ မဟုတ်ဘူးလို့ယုံကြည်ထားပါတယ်။

သူမကတော့ Dating နဲ့ ပတ်သက်လာရင် Fan တွေက လက်ခံလာမယ် မထင်ပါဘူးလို့ ဖြေထားပါတယ်။

Idol အများစုဟာ Fan တွေ မုန်းမှာ မလိုလားတာကြောင့် သူတို့ရဲ့ ဘဝကို လွတ်လွတ်လပ်လပ် နေခွင့်မရတာဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါပေမဲ့ တိတ်တဆိတ် Dating လုပ်တာကတော့ ဆက်ရှိနေဦးမှာပါပဲ။ Idol တွေရဲ့ Dating News ကို လက်ခံ မခံက ရှေ့လျှောက် Sensitive Topics အနေနဲ့ ဆက်ရှိနေဦးမှာပါပဲ။

Source: Koreaboo