မိတ်ကပ်လိမ်းတဲ့အခါမှာ တစ်ချို့က primer step ကို ကျော်သွားတတ်ပါတယ်။ တကယ်တော့ မိတ်ကပ်လိမ်းရင် primer က လိမ်းကိုလိမ်းပေးသင့်ပါတယ်။ ဒါမှ မိတ်ကပ်သားကြာရှည်ခံပြီး ပိုလှမှာပါ။ မိတ်ကပ်လိမ်းထားပေမယ့် အချိန်ကြာရင် မျက်နှာကြီးကမဲလာတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုမဲလာတာက primer မသုံးလို့ပါ။ ဒါကြောင့် မိတ်ကပ်မလိမ်းခင်မှာ primer ကိုလိမ်းပေးခြင်းက သင့်ရဲ့ဒီအသားအရေပြဿနာ ၅ မျိုးကို ဖြေရှင်းပေးနိုင်ပါတယ်။

ချွေးပေါက်ကျဉ်းစေခြင်း

Primer လိမ်းပေးခြင်းက ချွေးပေါက်တွေကိုကျဉ်းသွားစေပြီး အဆီပြန်တာကိုလည်း ထိန်းပေးပါတယ်။ ဒါကြောင့်လည်း လိမ်းထားရင် မိတ်ကပ်သားပိုလှပြီး အချိန်ကြာလည်း မျက်နှာမဲသွားတာမျိုး မဖြစ်တာပါ။

အရေးအကြောင်းတွေကိုဖုံးပေးနိုင်ခြင်း

Silicone-based primer တွေဆိုရင် အသားအရေကို ချောမွေ့သွားစေပြီး အရေးအကြောင်းတွေကို ဖုံးပေးနိုင်ပါတယ်။ stress တွေများနေတဲ့အချိန်ဆို နဖူးမှာ အရေးအကြောင်းတွေ ပိုပေါ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ primer သုံးပေးရင်တော့ အရေးအကြောင်းတွေက သိသာမှာမဟုတ်ပါဘူး။

Skin ချောမွေ့စေခြင်း

မိတ်ကပ်မလိမ်းခင်မှာ primer ခံလိမ်းပေးခြင်းက ချွေးပေါက်တွေလည်းကျဉ်းသွားစေလို့ အသားအရေက ပုံမှန်ထက်ပိုပြီး ချောမွေ့သွားစေပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာလည်း မိတ်ကပ်သားပိုလှပြီး ကြာရှည်ခံပါတယ်။

အမဲစက်တွေကိုမှိန်စေခြင်း

Primer သုံးပေးခြင်းက မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေကိုလည်း ပုံမှန်ထက်ပိုပြီး မှေးမှိန်သွားစေပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာ primer သုံးပြီး concealer သုံး ပြီးတော့မှ foundation လိမ်းမယ်ဆိုရင် မိတ်ကပ်သားအကြာကြီးခံပါတယ်။

မကြည်လင်တဲ့ skin ကို သဘာဝအတိုင်း glow စေခြင်း

Primer တွေရဲ့ formula အများစုက nourishing oils, vitamin E နဲ့ glow-enhancing components တွေပါဝင်လို့ လိမ်းလိုက်တာနဲ့ အသားအရေကို ပုံမှန်ထက်ပိုကြည်ပြီး glow လာစေပါတယ်။ ဒါကြောင့် အသားအရေညစ်ပြီး မကြည်လင်ဖြစ်နေတဲ့ dull skin ကိုလည်း သဘာဝအတိုင်း glow သွားစေပါတယ်။