ဗောက်လို့ပြောလိုက်ရင် အမျိုးသမီးတွေရော အမျိုးသားတွေရော အများစု ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ။

ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးရင် ဆံပင်ကျွတ်ရတာနဲ့ ထင်သလောက်မထိရောက်တာနဲ့ ဘယ်ခေါင်းလျှော်ရည်သုံးရမလဲ။ ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေသူတွေအတွက် ပန်းသီးရှာလကာရည်ကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။

ပန်းသီးရှာလကာရည်ကို ဟင်းလျာတွေအရသာရှိဖို့ ကျန်းမာရေးအတွက်သာမက ကိုယ်အလေးချိန်ကျဖို့နဲ့ အိမ်တွင်းသန့်ရှင်းရေးလုပ်ဖို့ စသဖြင့်အမျိုးမျိုး အသုံးပြုကြပါတယ်။ တစ်မျိုးတည်းနဲ့ ဘက်စုံ သုံးလို့ရတာပါပဲ။

ဗောက်ပျောက်စေရုံသာမကဘဲ ဆံပင်ကို တောက်ပြောင်စေပါတယ်။

ပါဝင်ပစ္စည်း

ပန်းသီးရှာလကာရည်

စပရေးဘူး

ပြုလုပ်နည်း

ပန်းသီးရှာလကာရည် (Apple Cider Vinegar) ကို စပရေးဘူးထဲထည့်ပြီး ဦးရေပြားပေါ်မှာ ဆံပင်တစ်လွှာချင်းတစ်လွှာချင်းကို သေချာလှန်ပြီး ဖြန်းပေးပါ။

ဦးရေပြားတစ်ခုလုံးကို သေချာဖြန်းပေးပြီးသွားရင် မိနစ် ၃၀ လောက်ထားပါ။ Shower Cap စောင်းထားပေးထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။