တခါတလေကျရင် ဘဝက အခက်အခဲတွေနဲ့ စိတ်ဓါတ်ကျစရာတွေနဲ့ပဲ့ ပြည့်နေတတ်သလို မျှော်လင့်မထားတာတွေနဲ့လည်း ကြုံတွေ့လာရတတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် နာကျင်မှုတွေကိုဖြစ်စေနိုင်သလို တွေ့ဆုံကြုံကွဲနေတာတွေကိုလည်း ရင်ဆိုင်လာနိုင်ပါတယ်။ ဒါ့ကြောင့် တခါတလေမှာ ဘဝဟာ မိမိကိုင်တွယ်နိုင်တာထက် ပိုမိုခက်ခဲ၊ ကြမ်းတမ်းတာကို တွေ့မြင်နိုင်ပါတယ်။ အဲ့ဒီအချိန်ကျရင် လက်တွေ့ကျကျ ရင်ဆိုင်လိုက်ပါ။

ဒါပေမယ့် အခက်အခဲအများစုဟာ သင်ခန်းစာနဲ့ တွဲဖက်လာတတ်ပြီး သိမြင်နားလည်သွားတဲ့အခါမှာတော့ အလွယ်တကူကျော်လွှားသွားနိုင်ပြီး ကိုယ့်အနာဂတ်အတွက်တောင် အထောက်အကူပြုနိုင်ပါသေးတယ်။

ဒါကြောင့် ဘဝအခက်အခဲအနိမ့်အမြင့်တွေ ကြုံတွေ့လာတဲ့အချိန်မျိုးတွေ၊ မိမိအရှေ့မှာ အတားအဆီးတို့ ပိတ်ပင်နေတယ်လို့ ခံစားမိရတဲ့အချိန်မျိုးတွေမှာ ဒီအချက်တွေကို အသုံးပြုပြီး အလွယ်တကူ ဖြတ်ကျော်သွားနိုင်ဖို့ မျှော်လင့်ပါတယ်နော်။

အမြဲတစေ ဖြစ်ပေါ်နေတာ မဟုတ်ဘူးဆိုတာ သတိရပါ

ပြောင်းလဲမှုဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘယ်လိုမှ မပြောင်းလဲနိုင်တဲ့အခါမျိုးမှာတော့ အရှိကိုအရှိအတိုင်း လက်ခံတတ်ဖို့လိုပါတယ်။ ဒါပေမယ့် အရာအားလုံးက အချိန်ပြည့်မပြောင်းမလဲ၊ တသမတ်တည်းဖြစ်ပေါ်နေတာမှ မဟုတ်တဲ့အတွက် အကောင်းတွေလည်းဖြစ်လာနိုင်တာကို နားလည်သတိရဖို့ လိုပါတယ်။

သင်ယူတတ်ပါစေ

အခုတွေ့ကြုံနေရတဲ့အခက်အခဲတွေဟာ နောက်နေ့အတွက် အားအင်ကိုဖြစ်စေတယ်ဆိုပြီး ရှေးလူကြီးတွေ ပြောစမှတ်ရှိပါတယ်။ လောကမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာမျိုး မရှိပါဘူး။ လူတိုင်းလူတိုင်းမှာ ပြင်ဆင်ညှိယူရမယ့်အရာတွေလည်းရှိတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ခံစားနေမယ့်အစား အကောင်းဘက်ကနေ သင်ယူတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အပြစ်ကို ကိုယ်သိနားလည်ဖို့ မလွယ်ကူသော်လည်း သိသွားတဲ့အခါမှာ ပိုမိုထူးခြားကောင်းမွန်တဲ့လမ်းကို လျှောက်လှမ်းသွားနိုင်မှာပဲ့ ဖြစ်ပါတယ်။

ခွင့်လွှတ်တတ်ပါစေ

လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ခြင်းက အဲ့ဒီလူပြုလုပ်ခဲ့သမျှကို လက်ခံပေးလိုက်ခြင်း မဟုတ်ဘဲ မိမိရဲ့စိတ်ကို သက်သာမှုရစေရန်အတွက်ပဲ့ ဖြစ်ပါတယ်။ သူတပါးအပေါ် အမှားလုပ်မိတဲ့အခါမှာလည်း ခွင့်လွှတ်မှုကို တောင်းခံဖို့ ဝန်မလေးပါနဲ့။ ခွင့်လွှတ်မှုဆိုတာက ဖြစ်စဉ်တစ်ခုပင်ဖြစ်သော်ငြား ကာယကံရှင်က ခွင့်လွှတ်ဖို့ စိတ်အားထက်သန်ပါက သင့်ဘဝအတွက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်လာမှာပါ။

လက်ရှိပစ္စုပ္ပန်မှာပဲ့ နေထိုင်ပါ

ဖြစ်ပြီးသား အတိတ်ကဖြစ်ရပ်တွေကို မေ့ဖျောက်ပြီး အနာဂတ်မှာလည်း ဘာတွေဖြစ်လာမလဲကို တွေးပူနေမယ့်အစား လက်ရှိပစ္စုပ္ပန်ကိုပဲ အဓိပ္ပာယ်ရှိရှိ နေထိုင်လိုက်ပါ။ လက်ရှိအချိန်ကိုပဲ့ သေချာအာရုံစိုက်လိုက်ခြင်းကလည်း ကိုယ့့်ဘဝတိုးတက်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်နော်။

ယုံကြည် မျှော်လင့်ချက်တွေ ထားပါ

အခက်အခဲတွေကြားတွင်တောင်မှ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေက လိုအပ်တဲ့အတွက် တခါတလေမှ ာမဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကလည်း တကယ်ဖြစ်လာနိုင်တယ်။ ဒါကြောင့် အချိန်ပြည့် မကောင်းတဲ့ဘက်ကချည်း တွေးမြင်နေပါက ကိုယ့်ဘဝအတွက် မကောင်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ့်အတွက် ဒီလောက်သာဖြစ်နိုင်တယ်ဆိုပြီး ကိုယ့့်ကိုယ်ကို အကန့်အသတ်ထားလိုက်ပါက ဘဝမှာ အောင်မြင်မှုကို ပိုင်ဆိုင်ဖို့ဆိုတာ ဝေးကွာသွားပါလိမ့်မယ်။