သင့်မှာ ရေမွှေးအများအပြား ရှိရင်တောင် လူတိုင်း ရင်းနှီးမယ့် သင့်ရဲ့ ကိုယ်ပိုင် ရေမွှေးနံ့လေး ပိုင်ဆိုင်သင့်ပါတယ်။ သင်ရောက်တာနဲ့ အတူ လိုက်လာမယ့် ရေမွှေးနံ့လေးက သင့်ဂုဏ်သတင်းကို ပိုမွှေးဖို့ ပံ့ပိုးပေးပါလိမ့်မယ်။ သင်က သင်နဲ့ လိုက်ဖက်မယ့် သင့်ရဲ့ Soulmate Perfume ကို ရှာနေရင် ဒီအချက်တွေက ကူညီပေးပါလိမ့်မယ်။
၁။ ကိုယ်အကြိုက်ဆုံး ရာသီကို စဉ်းစားပါ
သင်က ရာသီအလိုက် ရေမွှေးနံ့ကို ပြောင်းစရာ မလိုပါဘူး။ ကိုယ်သဘောအကျဆုံး ရာသီကို ကိုယ်စားပြုတဲ့ ရေမွှေးနံ့က ကိုယ့်ရဲ့ ကိုယ်ပိုင်ရေမွှေးနံ့ ဖြစ်နိုင်ပါတယ်။ နွေရာသီကို ကြိုက်
ရင် Fresh Beach Scent လေးတွေ ရွေးနိုင်ပြီး ဆောင်းရာသီကို ကြိုက်ရင် အနံ့နွေးနွေးလေးတွေ ရွေးနိုင်ပါတယ်။
၂။ ရေမွှေးပြောင်းသုံးကြည့်ပါ
ကိုယ်ကြိုက်တာ တစ်မျိုးတွေ့ထားရုံနဲ့ ဒါကိုပဲ တစ်သက်လုံး စွဲသုံးစရာ မလိုပါဘူး။ ကိုယ်သဘောကျတဲ့ အနံ့လေးတွေ တွေ့ရင် ပြောင်းကြည့်သင့်ပါတယ်။
၃။ Research လုပ်ပါ
တချို့ မိန်းကလေးတွေဆိုရင် ရေမွှေးသုံးနေပြီး Eau de parfum နဲ့ Eau de toilette ရဲ့ ကွဲပြားချက်ကို မသိသေးပါဘူး။ Eau de parfum က Eau de toilette ထက် ပြင်းအားပိုများကာ အနံ့ပိုခံပါတယ်။ သင်က ခဏခဏ ရေမွှေးပြန်စွတ်ရတာကို ကြိုက်တဲ့သူလား၊ တစ်ရက်လုံးမှာ တစ်ခါပဲ ရေမွှေးစွတ်ချင်သူလား ပြန်တွေးသင့်ပါတယ်။
၄။ ကိုယ့်ပုံစံကို ဖော်ထုတ်ပြသပါ
လူတိုင်းကြိုက်တဲ့ အနံ့ဆိုပြီး လိုက်သုံးစရာ မလိုပါဘူး။ သင့်အကြောင်း၊ သင့်အကြိုက်ကို ပြောပြနေတဲ့ ရေမွှေးကို ရွေးသင့်ပါတယ်။
၅။ အချိန်ယူပါ
သင့်အနေနဲ့ ရေမွှေးအကောင်းစားကို တန်းဝယ်စရာမလိုဘဲ စမ်းကြည့်ပြီးမှ ဝယ်သင့်ပါတယ်။ တစ်နာရီ နှစ်နာရီကြာပြီးနောက်မှ ရလာတဲ့ အနံ့ကို သင်ကြိုက်သေးလား စမ်းကြည့်သင့်ပါတယ်။
၆။ သူများအမြင်ဆိုတာ ဘာမှမဟုတ်ပါဘူး
သင်ကြိုက်တဲ့ ရေမွှေးနံ့ကို သင့်သူငယ်ချင်းက မကြိုက်လို့ အားပျက်သွားတာမျိုး မဖြစ်သင့်ပါဘူး။ သူများ အထင်ကြီးဖို့ ရေမွှေးစွတ်တာထက် ကိုယ်ကြိုက်တဲ့ ရေမွှေးနံ့ ဖြစ်သင့်ပါတယ်။
၇။ သင့်ရင့်ကျက်မှုကို အလေးထားပါ
အသက်အရွယ်တစ်ခု ရောက်လာတဲ့အချိန် ငယ်ငယ်က ကြိုက်ခဲ့တဲ့ အနံ့တွေကို သင် ကြိုက်ချင်မှ ကြိုက်တော့မှာပါ။ ဒါကြောင့် ဒီအနံ့ကိုပဲ ရိုးအီနေအောင် မသုံးဘဲ ဆိုင်သွားပြီး အနံ့စမ်းသင့်ပါတယ်။ ဒီလို သွားတဲ့အချိန် သင်အကြိုက်ဆုံး သင့် ကိုယ်ပိုင် ရနံ့ကို မတွေ့နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
Source: Allwomenstalk
by MyStyle Myanmar