နွေရာသီပဲဖြစ်ဖြစ် ဆောင်းတွင်းပဲဖြစ်ဖြစ် ရာသီမရွေး အဆီပြန်လာလို့ မိတ်ကပ် အလွယ်တကူ ပျက်သွားတာမျိုး မဖြစ်စေဖို့အတွက် အသုံးဝင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
၁။ မှန်ကန်တဲ့ ခရင်မ်ကို ရွေးချယ်ပါ
သင့်အသားအရေနဲ့ သင့်တော်ပြီး မှန်ကန်တဲ့ခရင်မ်ကို ရွေးချယ်ပါ။ နွေရာသီမှာဆိုရင်တော့ Oil Base Cream တွေလိမ်းတာရှောင်ပါ။
၂။ မိတ်ကပ်လိမ်းဖို့ ဖောင်ဒေးရှင်းကို သေချာလိမ်းပါ
တိုနာလိမ်းပြီးရင် ခရင်မ်တစ်ခုခုလိမ်းပြီး Primer လိမ်းပေးလိုက်ပါ။ အဲဒီလို လုပ်ပေးပြီး ဖောင်ဒေးရှင်းစလိမ်းလိုက်ပါ။ အဲဒီလိုလိမ်းပေးတာဟာ မိတ်ကပ်ကို တာရှည်ခံစေပါတယ်။
၃။ လက်နဲ့မလိမ်းပါနဲ့
မိတ်ကပ်လိမ်းတဲ့အခါ လက်နဲ့ လိမ်းတာထက် ဖော့ (သို့) Brush ကိုသုံးပြီး လိမ်းပေးပါ။ အဲဒီလိုလိမ်းပေးတာဟာ မိတ်ကပ်ပိုပြီး သိပ်လို့ ပိုကောင်းပါတယ်။
၄။ မိတ်ကပ်လျှော့လိမ်းပါ
မိတ်ကပ်ကို အများကြီး ထူလပျစ်လိမ်းတာထက် မိတ်ကပ်ကို ခပ်ပါးပါးလေးပဲလိမ်းပေးပါ။
၅။ အရောင်တောက်တောက်ကြီးတွေကိုရှောင်ပါ
မိတ်ကပ်လိမ်းရာမှာ အရောင်တောက်တောက်ကြီးတွေကို ရှောင်လိမ်းပါ။ အရောင်နည်းနည်းနုတာမျိုးကို ပိုရွေးချယ်သင့်ပါတယ်။
၆။ ပေါင်ဒါကို သေချာရွေးချယ်ပါ
ပေါင်ဒါဟာ ချွေးသိပ်ပြီး အဆီပြန်တဲ့သူတွေအတွက်ကောင်းပါတယ်။ သင့်အသားအရေနဲ့ သင့်တော်တဲ့ပေါင်ဒါကို သုံးပေးပါ။
၇။ ရေစိုခံတဲ့ Mascara သုံးပါ
Mascara ကိုသေချာလေး သုံးပေးပါ။ အဆီပြန်တတ်တဲ့သူတွေက ရေစိုခံတဲ့ Mascara သုံးပေးသင့်ပါတယ်။
၈။ နှုတ်ခမ်းနီရွေးချယ်မှုမှန်ပါစေ
နှုတ်ခမ်းနီအရောင်ကို အရမ်းတောက်တာမျိုးမဟုတ်ဘဲ အရောင်နုနုကိုပဲ ရွေးချယ်ဆိုးပေးသင့်ပါတယ်။
၉။ အဆီစုပ်စက္ကူသုံးပါ
နှာခေါင်းအဆီပြန်တာ မျက်နှာမှာအဆီပြန်လာတဲ့အခါ သက်သာစေဖို့ အဆီစုပ်စက္ကူကို ဆောင်ထားသင့်ပါတယ်။