Mini Tattoo လေးတွေထိုးချင်တဲ့ မိန်းကလေးတွေအတွက် Design တွေ ထွေထွေထူးထူး စဉ်းစားနေစရာမလိုအောင် မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ အသည်းပုံ Mini Tattoo Design လေးတွေနဲ့ လှပတဲ့ အသည်းပုံ Mini Tattoo Design လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီ Design လေးဆိုရင် Color လေးတွေနဲ့ဖြစ်လို့ ချစ်ဖို့ကောင်းပြီး မိန်းကလေးဆန်ပါတယ်။ အသည်းပုံသုံးခုကို ဆက်ထားတာလေးက အမြင်ဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုအသည်းပုံ Design လေးတွေကို BFF တွေဆင်တူထိုးလို့လည်း ရပါသေးတယ်။

ပခုံးမှာထိုးမယ်ဆိုရင် အတန်းလိုက်လေးတွေထိုးတာမျိုးက အရမ်းလှပါတယ်။ အသည်းပုံထိုးချင်တာဆိုရင်တော့ ဒီ Design လေးက ချစ်ဖို့ကောင်းသလို လှလည်းလှတယ်နော်။

အသည်းပုံနှစ်ခုကိုစပ်ပြီး အပေါ်မှာ Smile ပုံလေးထိုးထားတဲ့ ဒီ Design လေးကလည်း မိန်းကလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Design လေးပါပဲ။

ခြေထောက်မှာထိုးတဲ့အခါ ဒီလို အသည်းပုံ Design လေးက လှပါတယ်။ ထင်းပြီးပေါ်လွင်နေစေပါတယ်။

အသည်းပုံကို လိုင်းဆွဲတာမျိုးမလုပ်ပဲ ဒီလိုပန်းလေးတွေနဲ့ပုံဖော်ဆွဲတာလည်း အရမ်းလှပါတယ်။

ဒါကတော့ လက်ဖျံနဲ့ လက်မောင်းမှာထိုးရင် အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ အသည်းပုံ Design လေးပါ။

အသည်းပုံကို နှစ်ထပ်လိုမျိုး ပုံဖော်ထားတဲ့ ဒီ Design လေးကတော့ Design ဆန်းပြီး အရမ်းလှပါတယ်။ Mini Tattoo ပေမယ့် အရမ်းလည်းမသေးချင်ဘူးဆိုရင် ဒီလိုလေးထိုးကြည့်နော်။

ကျောက်ကပ်ထားသလိုလေး အရမ်းလှတဲ့ အသည်းပုံ Tattoo Design လေးပါ။ ကိုယ်ကြိုက်တဲ့အရောင်လေးတွေနဲ့ ထိုးလို့ရပါတယ်။

ရင်ဘတ်နားမှာဆိုရင်တော့ ခုနကလို တစ်ခုထဲထက် ဒီလိုလေးက ပိုလှပါတယ်။ ကျောက်ကပ်ထားသလိုနဲ့ အရမ်းလှတဲ့ Tattoo Design လေးပါပဲ။

အသည်းပုံ Design လေးလည်းကြိုက်တယ်၊ လိပ်ပြာပုံလေးလည်း ထိုးချင်တယ်ဆိုတဲ့သူတွေအတွက် ကွက်တိဖြစ်မယ့် Tattoo Design လေးပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။