ဝိတ်တက်ဖို့ကြိုးစားနေတဲ့ စာဖတ်ချစ်သူတို့အတွက် ဝိတ်တင်နိုင်မယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။

ပထမဆုံးအရေးကြီးတာက အစာအာဟာရ ပြည့်ဝဖို့နဲ့ အချိန်မှန်စားဖို့ပါ။ မနက်စာ နေ့လည်စာ ညစာကို အချိန်မှန်မှန်စားပေးပါ။ ကိုယ်က ကိုယ်အလေးချိန်တက်ဖို့ ရည်ရွယ်ထားတာဖြစ်တာကြောင့် အစားစားတဲ့အခါ ကာဗွန်ဟိုက်ဒရိတ် ပရိုတင်းနဲ့ အဆီဓာတ်မြင့်မားတဲ့ အစားအစာတွေကို ဦးစားပေးစားသုံးပေးရပါမယ်။

နောက်ပြီး ကိုယ်စားလိုက်တဲ့ အစားအစာတွေထဲမှာ ပရိုတင်းဓာတ်မပါရင် ကြွက်သားတွေအဖြစ်ကနေ အဆီထုအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ ပရိုတင်းဓာတ်က ကြွက်သားတက်လာဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် နေ့စဉ်အစားအစာတွေထဲမှာ ပရိုတင်းဓာတ်ပါဖို့ လိုပါတယ်။

အသားများ ငါးများ ဥအမျိုးမျိုး နို့ထွက်ပစ္စည်းများ ပဲများ အခွံမာသီးတွေမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဒီလိုအစားအစာတွေ များများစားသုံးပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းအတွက်ကတော့ ဖြစ်နိုင်ရင်အလေးတုံးတွေ ဝယ်ထားပါ။ အလေးတုံးမရှိလည်း အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ကြံဖန်ပြီး ကစားလို့ရပါတယ်။ YouTube ကနေလည်း tutorial ဗီဒီယိုလေးတွေ ကြည့်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လို့ ရပါတယ်။ ဒါမှလည်း ကြွက်သားထုတည်တက်လာမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ခန္ဓာကိုယ်လှပစွာ ဝိတ်တက်လာမှာပါ။

သင်ကဝိတ်တက်ချင်တယ်ဆိုရင်တော့ အိပ်ချိန်မှန်ဖို့ အထူးဂရုစိုက်ရပါမယ်။ အနည်းဆုံး (၇) နာရီအိပ်စက်ဖို့ လိုအပ်ပြီး ညဘက်တွေမှာ စောစောအိပ်ရာဝင်ဖို့ အကြံပြုချင်ပါတယ်။