အသားအရေမွဲညစ်ညစ်ဖြစ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ရေဓာတ်ပြည့်ဝပြီး ကြည်လင်တဲ့ မျက်နှာအသားအရေလေးရအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ မပျင်းမရိပဲသေချာလေး ကိုယ့်အသားအရေကို ဂရုစိုက်ရင်တော့ Skin က အမြဲကောင်းနေမှာပါပဲ။

အစားအသောက်စားတဲ့အခါမှာ အသီးအရွက်၊ အသီးအနှံတွေကို များများစားပါ။ ရေများများသောက်ပါ။ ပုံမှန်ထက် ပိုပြီးရေသောက်ပါ။ ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းချုပ်ရင်လည်း အသားအရေက မွဲညစ်ညစ်ကြီး ဖြစ်ပါတယ်။

ချွေးထွက်စေမယ့် လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ ယောဂကျင့်တာဖြစ်ဖြစ် ပုံမှန်လုပ်ပေးပါ။ ချွေးပုပ်တွေထွက်မှ၊ ချွေးထွက်မှ အသားအရေက ကြည်လင်လာမှာပါ။

နေလောင်ကာခရင်မ် Sunscreen ကို အမြဲလိမ်းပါ။ Sunscreen မလိမ်းရင် အသားအရေက နေလောင်ပျက်စီးပြီး မွဲညစ်ညစ်ဖြစ်မယ်။ တင်းတိတ်၊ မှဲ့ခြောက်တွေ ထွက်လာပါမယ်။

Skincare သုံးတဲ့အခါမှာလည်း Toner, Serum , Moisturizer အနည်းဆုံး ဒီ ၃ မျိုးတော့ သုံးပေးပါ။ Brightening Skincare ကို ရွေးသုံးပါ။
အနည်းဆုံး ၅ ရက် တစ်ခါတော့ Sheet Mask ကပ်ပေးပါ။ ပုံမှန်အမြဲကပ်ပေးပါ။

တစ်ပတ်တစ်ခါ အိမ်မှာပဲ Exfoliate လုပ်ပေးပါ။ ငွေကုန်ကြေးကျခံနိုင်ရင် ၂ ပတ် တစ်ခါ (သို့) တစ်လ တစ်ခါ ဆိုင်မှာ Facial Treatment လုပ်ပေးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ မွဲညစ်ညစ်ဖြစ်နေတဲ့အသားအရေက သိသိသာသာကို စိုပြည်ပြီး ကြည်ကြည်လင်လင်လေး ဖြစ်လာပါလိမ့်မယ်။

photo source: www.freepik.com