မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်လာတဲ့အခါ အသားအရေအတွက် မလုပ်သင့်တဲ့ အကျင့်ဆိုးတွေကို တာ့တာလုပ်ပြီး နှစ်သစ်မှာ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ စတင်လိုက်ရအောင်။ ပြီးပြည့်စုံတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ပဲဖြစ်ဖြစ် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ပဲဖြစ်ဖြစ်၊ အသားအရေ ထိန်းသိမ်းမှုကို ပုံမှန်အတိုင်း လိုက်နာဖို့က အရေးကြီးပါတယ်နော်။ ဒါကြောင့် ကျန်းမာရေးအသားအရေကိုထိန်းသိမ်းဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
ရေဓာတ်ဖြည့်ပေးပါ
ရေသောက်ရုံနဲ့ သင့်အသားအရေကို ရေဓာတ်မဖြည့်ပေးပါဘူး။ သင့်အသားအရေကို ရေဓာတ်ထိန်းထားဖို့အတွက် တစ်လကို တစ်ကြိမ် ပုံမှန် သေချာသန့်စင်ပေးပါ။
နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။
နေရောင်ခြည်နဲ့ထိတွေ့ခြင်းကို ရှောင်ကြဉ်ဖို့အတွက် အကျီလက်ရှည်နဲ့ ဦးထုပ်တို့ကို ဝတ်ဆင်ပါ။ ဒါမှမဟုတ် Sunscreen သေချာလိမ်းပေးပါ။ နေရောင်ခြည်ဒဏ်ကို ကာကွယ်တာက အသားအရေကို ရောင်ရမ်းခြင်းကနေ ကာကွယ်ပေးရုံသာမက အသားအရေကို ရေရှည်နေလောင်ဒဏ်မှလည်း ကာကွယ်ပေးပါတယ်။
Dark Circles မဖြစ်အောင် ဂရုစိုက်ပါ
Dark Circles တွေကို လျော့ကျစေဖို့ Eye Cream ကို မဖြစ်မနေလိမ်းပေးပါ။ လိမ်းပြီးတဲ့အခါ သွေးလှည့်ပတ်မှုကို အားကောင်းစေဖို့အတွက် မျက်လုံးတစ်ဝိုက်ကို နေ့စဉ် ညင်သာစွာ နှိပ်နယ်ပေးပါ။
Wrinkles နဲ့ Fine Lines တွေကို ကာကွယ်ပါ
အိုမင်းရင့်ရော်မှု လက္ခဏာများဖြစ်တဲ့ Wrinkles နဲ့ Fine Lines တွေကို ကာကွယ်ဖို့ နဲ့ လျှော့ချဖို့အတွက် Retinol ကို အခြေခံထားတဲ့ ထုတ်ကုန်များကို သုံးပေးပါ။ Retinol သည် Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ ဗီတာမင် A အမျိုးအစားဖြစ်ပြီး အရေပြား အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ နဲ့ Wrinkles နဲ့ Fine Lines တွေ ပေါ်လာခြင်းတို့ကို လျော့ပါးစေဖို့ ကူညီပေးနိုင်ပါတယ်။
အရေပြားအထူးကုဆရာဝန်နဲ့ပြပါ
စတီးရွိုက်ပါတဲ့ တရားမဝင်အလှကုန်တွေကို အသုံးပြုမိရင် အရေပြားကို ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဘယ်ထုတ်ကုန်ကိုမဆို အသုံးမပြုမီ သေချာစစ်ဆေးပါ။ တကယ်လို့ အရေပြားနဲ့ပတ်သတ်ပြီး ပြဿနာတစုံတခုရှိခဲ့ရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။