တစ်ခါစီးတတ်သွားရင် စက်ဘီးစီးနည်းဆိုတာ သေတဲ့အထိ မမေ့ဘူးလို့ အဆိုရှိပါတယ်။ စက်ဘီးစီးနည်းဟာ လေထုညစ်ညမ်းမှုနဲ့ ဆူညံမှု မရှိခြင်း ကြောင့်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့လည်း ညီတဲ့ လေ့ကျင့်ခန်းထဲမှာ ပါပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း စက်ဘီးစီးခြင်းဟာ အခုပြောမယ့် အကျိုးကျေးဇူးတွေ ပေးပါတယ်။

(၁) နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်

Photo : Good Life Family Magazine

ဖြည်းဖြည်းမှန်မှန်လေး စက်ဘီးနင်းတဲ့ လေ့ကျင့်ခန်းဟာ နှလုံးခုန်နှုန်းကို တိုးစေပြီး သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ စက်ဘီးပုံမှန်စီးခြင်းဟာ ဆီးချို ၊ နှလုံးနဲ့ လေဖြတ်လိုမျိုး ဝေဒနာတွေ အဖြစ်နည်းအောင် ကာကွယ်နိုင်ပါတယ်။ တစ်ချို့ လေ့လာမှုတွေမှာတော့ စက်ဘီးစီးခြင်းဟာ အရိုးတွေ မာကျောကြံ့ခိုင်စေပြီး ကိုယ်ခံအားစနစ် ပိုကောင်းစေသလို ဆီးချိုနဲ့ ကင်ဆာတစ်ချို့ပါ မဖြစ်အောင် ကာကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

(၂) ကြံ့ခိုင်ပြီး ပျော့ပြောင်းတယ်

Photo : Boa Forma

စက်ဘီးစီးခြင်းဟာ ကြွက်သားတွေ ကျစ်လျစ် ကြံ့ခိုင်ပြီး အကြောအချဉ်တွေ ပျော့ပြောင်းစေပါတယ်။ အသက်ကြီးလာချိန်မှာ အရိုးအဆစ်နဲ့ ကြွက်သားဆိုင်ရာ ကျန်းမာရေးပြဿနာတွေ နည်းစေပါတယ်။

(၃) ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်

Photo : Marcelle Pick

ဝိတ်ကျချင်တယ်ဆိုရင် စက်ဘီးစီးသင့်ပါတယ်။ စက်ဘီးစီးခြင်းဟာ အဆီတွေ ကျဆင်းပြီး အသားအရေ တင်းရင်းလာစေနိုင်ပါတယ်။ အပတ်စဉ် ပုံမှန် စက်ဘီးစီးပေးတဲ့သူဟာ Fatty Deposits တွေ လျော့ကျတာကြောင့် ကြွက်သားတွေ ကျစ်လျစ်ပြီး လူလည်း ပိုပြီး အရွယ်တင် နုပျိုလာစေနိုင်ပါတယ်။

(၄) စိတ်ဓါတ်ကျခြင်းနဲ့ စိတ်ရှုပ်ထွေးမှု လျော့ကျစေတယ်

Photo : Best Health Magazine

စက်ဘီးစီးခြင်းလိုမျိုး အသင့်အတင့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်အေးချမ်းကြည်လင်စေမယ်လို့ ဆိုပါတယ်။ သစ်တောလို သဘာဝရှုခင်းနဲ့ ပတ်ဝန်းကျင်အကြားမှာ စက်ဘီးစီးသွားခြင်းဟာ စိတ်ထဲက လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပြေလျော့စေပြီး စိတ်ဓါတ်ကျခြင်းနဲ့ စိတ်ဖိစီးခြင်းကို သိသိသာသာ သက်သာစေနိုင်သလို မှတ်ဉာဏ်ပိုင်းလည်း တိုးတက်လာစေနိုင်ပါတယ်။

(၅) ညဘက်အိပ်လို့ ပိုကောင်းမယ်

Photo : Devlin Cosmetic Surgery

အိပ်စက်မှုပြဿနာ ရှိသူတွေဟာ အားကစားပုံမှန်လုပ်မယ်ဆိုရင် ညဘက်ပိုပြီး အိပ်လို့ ကောင်းစေနိုင်ပါတယ်။ စက်ဘီးစီးခြင်းဟာ စိတ်ပင်ပန်းမှု သက်သာစေတာကြောင့် အိပ်ရာဝင်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။