အသက်အရွယ်အိုမင်းခြင်းကို ဘယ်သူမှ ငြင်းဆန်လို့မရပါဘူး။ အသက်အရွယ်ရလာတာနဲ့အမျှ အရေးကြောင်းတွေပေါ်လာမယ်။ ဆံပင်ဖြူလာမယ်။ ဒါတွေက ဓမ္မတာပါပဲ။ ဒါပေမဲ့ သင့်ရဲ့ ရုပ်ရင့်တဲ့ဖြစ်စဉ်ကို သင်စားတဲ့အစားအသောက်တွေနဲ့ နှေးကွေးအောင်လုပ်နိုင်ပါတယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်နည်းနဲ့ နေပြီး မကြာခဏ Diet လုပ်ပေးတာပါ။

ဒီတစ်ခေါက်မှာတော့ အသက်အရွယ်အိုမင်းလာတာကို တားဆီးလို့မရပေမယ့် သင့်ရဲ့ နေ့စဉ်ဘဝမှာ ပုံမှန်သောက်နေကျ ဖျော်ရည်တွေထဲကမှ အသက်အရွယ်အိုမင်းတာကို နှေးကွေးအောင်လုပ်နိုင်မယ့် သဘာဝဖျော်ရည် ၁၀ မျိုးကို ပြောပြပေးချင်ပါတယ်နော်။

၁။ ကော်ဖီ

ကော်ဖီက သင့်ကျန်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ အယူအဆက မှားပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က ရောင်ရမ်းမှုကို ရော့ကျစေပြီး အရေပြားကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

၂။ ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ ဘယ်ရီသီးတွေနဲ့ ငှက်ပျောသီးရောထည့်ပြီး နုပျိုစေတဲ့ ဆေးစွမ်းကောင်းကို ဖော်စပ်နိုင်ပါတယ်။ ဒိန်ချဉ်က သကြားဓာတ်ကို ထိန်းညှိပေးပြီး အရေပြားကို ကြည်လင်တောက်ပစေပါတယ်။

၃။ ဝိုင်

Red Wine

ညဘက်အနားယူတဲ့အချိန် တချို့တွေ ဝိုင်လေးသောက်ပြီး ဇိမ်ယူတတ်တာ ကြားဖူးကြမှာပါ။ ဝိုင်ကို ပမာဏအများအပြားသောက်ရင်တော့ တန်ဆေးလွန်ဘေးပါ။ သင့်အသည်းကို ပျက်စီးစေပါတယ်။ အမျိုးသမီးတွေက တစ်နေ့ တစ်ခွက်သောက်နိုင်ပြီး အမျိုးသားတွေကတော့ တစ်နေ့ နှစ်ခွက်သောက်နိုင်ပါတယ်။ အကောင်းဆုံးဝိုင်ကတော့ Red Wine ပါ။ ဝိုင်က ရောင်ရမ်းဖြစ်စဉ်ကို လျှော့ချပေးပြီး အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးပါတယ်။

၄။ ရေ

ရေသောက်ခြင်းနဲ့ပတ်သက်ပြီးတော့ အထွေအထူးပြောဖို့မလိုဘူးထင်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းကို ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေဓာတ်လုံလောက်ခြင်းက ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာလည်ပတ်ဖို့အတွက် အရေးပါပါတယ်။ ရေသောက်နည်းပါက အရေပြားခြောက်သွေ့ပြီး အရေးကြောင်းဖြစ်စေပါတယ်။ ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး အသားအရေစိုပြေစေပါတယ်။

၅။ Green Tea

Green Tea လို့ခေါ်တဲ့ လက်ဖက်စိမ်းရည်က အရေးကြောင်းတွေကို ကာကွယ်ပေးပြီး နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

၆။ မုန်လာဥနီဖျော်ရည်

Carrot-Juice

မုန်လာဥနီဖျော်ရည်ကို တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးပါက အမြင်အာရုံတိုးတက်စေပြီး အရွယ်တင်စေပါတယ်။ ကင်ဆာရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

၇။ ဂရိတ်ဖရုသီးဖျော်ရည်

အသားအရေအတွက် ကော်လဂျင်ဓာတ်ကို လိုအပ်ပါတယ်။ ဒီဓာတ်ကို ဗီတာမင်စီကနေ ရနိုင်ပါတယ်။ ဂရိတ်ဖရုသီးမှာ ဗီတာမင်စီပါဝင်ပြီး အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ အသားအရေကို နူူးညံ့စိုပြေစေပါတယ်။ ဒါ့အပြင် ဂရိတ်ဖရုသီးမှာ Retinol ပါဝင်တာကြောင့် ပျက်စီးသွားတဲ့အရေပြားကို ပြန်ကောင်းမွန်စေပါတယ်။

၈။ အုန်းရေ

အုန်းရေမှာသတ္တုဓာတ်နဲ့ Electrolyte ဓာတ်များစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်း အာဟာရဓာတ်မျှတစွာ ဖြန့်ဝေပေးဖို့ အုန်းရေက ကူညီပေးပါတယ်။ အုန်းရေမှာ Cytokinin ဆိုတဲ့ ဆဲတိုးပွားစေတဲ့ဓာတ်ပါဝင်ပါတယ်။ Cytokinin က ကင်ဆာရောဂါကို တိုက်ထုတ်ပေးပါတယ်။

၉။ ရှားစောင်းလတ်ပတ်ဖျော်ရည်

ရှားစောင်းလတ်ပတ်ဖျော်ရည်မှာ အမိုင်နိုအက်ဆစ် များစွာပါဝင်ပြီး ကော်လဂျင်ထုတ်လုပ်မှုကို တိုးပွားစေပါတယ်။ ဖျော်ရည်မှာပါဝင်တဲ့ အက်တီအောက်ဆီးဒင့်က အသားအရေပြန်လည်ကောင်းမွန်စေပါတယ်။

၁၀။ နွားနို့

Milk

လေ့လာမှုတစ်ခုမှာ ကျွန်ုပ်တို့ဟာ တစ်နှစ်ကြာတိုင်း ကြွက်သား 1/2 ကနေ ၁ ရာခိုင်နှုန်းထိ ဆုံးရှုံးကြတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကြွက်သားခွန်အားကလည်း ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းဆီ ကျဆင်းတယ်လို့ ပြောထားပါတယ်။ နွားနို့က ကြွက်သားဖွံ့ဖြိုးစေပြီး ကိုယ်တွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အနာကျက်မြန်စေပါတယ်။

အပေါ်မှာ ပြောထားတဲ့ ဖျော်ရည်တွေထဲက တစ်မျိုးလောက်ကိုတော့ ပုံမှန်လေးသောက်ပေးဖို့ တိုက်တွန်းပါရစေနော်။