အားလုံးပဲ မင်္ဂလာပါနော်။ ရာသီအကူးအပြောင်း၊ ဒါမှမဟုတ် ရာသီဥတုက ပူလိုက်အေးလိုက်ဆိုရင် လူအများစု ဖျားတတ်ကြပါတယ်။ ဖျားပြီဆိုတာနဲ့ နှာစေးတာ၊ လည်ချောင်းနာတာ၊ တစ်ကိုယ်လုံး ညောင်းညာတာနဲ့ ချောင်းဆိုးတာတွေ စဖြစ်ပါပြီ။ ကိုယ်အပူချိန်များရင် ဘာမှစားချင်စိတ်မရှိတော့ပါဘူး။ ဒါကြောင့် နေမကောင်းတဲ့အချိန် ဘယ်လိုအစားအသောက်တွေ စားပေးသင့်လဲ ဖော်ပြပါရစေ။

၁။ ကြက်သားစွပ်ပြုတ်

ကြက်စွပ်ပြုတ်က နေမကောင်းတဲ့အချိန် စားပေးသင့်တဲ့ နံပါတ် (၁) အစားအသောက်ပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကိုယ်ခံအားတက်စေပါတယ်။

၃။ အုန်းရေ

ဆေးရုံအနီးအနားတွေမှာ အုန်းရေရောင်းသူတွေကို သတိထားမိမှာပါ။ နေမကောင်းတဲ့အချိန် ရေဓာတ်ကို အဓိကလိုအပ်ပါတယ်။ အုန်းရေက လိုအပ်တဲ့ ရေဓာတ််ကို ဖြည့်ဆည်းပေးပါတယ်။

၄။ ရေနွေးကြမ်း

ရေနွေးကြမ်းက အအေးမိဖျားနာတာအတွက် သင့်တော်ပါတယ်။

၅။ ပျားရည်

ပျားရည်က ဘတ်တီးရီးယားသတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

၆။ ဂျင်း

ဂျင်းပြုတ်ရည်က အော့အန်သူတွေအတွက် သင့်တော်ပါတယ်။

၇။ ပူပူစပ်စပ်အစားအသောက်

ပူပူစပ်စပ်အစားအစာတွေစားလိုက်ရင် နှာရေတွေထွက်ပြီး တစ်ကိုယ်လုံးပွင့်သွားတာမျိုး ခံစားဖူးမှာပါ။

၈။ ငှက်ပျောသီး

ငှက်ပျောသီးက ဖျားနာတဲ့အချိန် စားသင့်တဲ့ အစားအစာတစ်မျိုးပါ။

၉။ အုတ်ဂျုံ

အုတ်ဂျုံကလည်း ငှက်ပျောသီးလိုပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ပေးစွမ်းနိုင်ပါတယ်။

၁၀။ ဒိန်ချဉ်

ဒိန်ချဉ်က ကယ်ဆီယမ်ကြွယ်ဝပြီး အခြားဗီတာမင်ဓာတ်များစွာ ပါဝင်ပါတယ်။

၁၁။ အသီးအနှံမျိုးစုံ

၁၂။ ထောပတ်သီး

၁၃။ အစိမ်းရောင် ဟင်းသီးဟင်းရွက်

၁၄။ ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးက ဖျားနာတဲ့အချိန်စားသင့်ပြီး ပရိုတင်းဓာတ်များစွာ ပါဝင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar