မင်္ဂလာပါ… ပျိုမဒီတို့ရေ….အမျိုးသမီးတိုင်းဟာ တောက်ပြောင်ပြီး တောက်ပတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် ဆံပင်နဲ့ပတ်သတ်လာရင် လူတိုင်းလက်မထောင်နိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဆံပင်ကျွတ်တာက အတော်လေး အဖြစ်များတဲ့ ပြဿနာဖြစ်ပြီး အမျိုးသမီး သုံးပုံတစ်ပုံ လောက်က ကြုံတွေ့နေရတာပါ။

ဆံပင်ကျွတ်တာကို သက်သာစေဖို့အတွက် မိန်းကလေးတွေဟာ နည်းလမ်းပေါင်းစုံလုပ်လေ့ရှိကြပါတယ်။ ဒီလိုဆံပင်ကျွတ်တာကို သက်သာစေဖို့အတွက် အိမ်တွင်းနည်းတွေနဲ့လည်း ထိ်န်းသိမ်းလို့ရပါသေးတယ်။ ဆန်ဆေးရေမှာပါဝင်တဲ့ဂုကာဗိုဟိုက်ဒရိတ်က ဆံပင်အတွက် အများကြီးအကျိုးရှိတာကြောင့်  ဆန်ဆေးရေကို ဘယ်လိုအသုံးချမလဲဆိုတာ ဝေမျှလိုက်ပါတယ်။

အိမ်မှာ ဆန်ဆေးရေလုပ်ရတာ တကယ်တော့ လွယ်လွယ်လေးပါ။

ဆန်တစ်ခွက်ကို ရေနဲ့သေချာဆေးပြီး ရေနှစ်ခွက်ထည့်ပါ။


မိနစ် 30 ကြာပြီးရင် ဆန်ကို စစ်ပြီး ရေကို ခွက်တစ်ခုနဲ့သိမ်းထားပါ။

ဆံသားပေါ် ဆန်ဆေးရည်ကို လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။

ဆံပင်ပေါ်မှာ 10 မိနစ်မှ 15 မိနစ်လောက် ထားပြီး ရေအေးနဲ့ ဆေးချပါ။

ဆန်ဆေးရေကို တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် သုံးပေးပါ။ ဆန်ဆေးရေကိုပုံမှန်သုံးပေးရင် ဆံသားကို သန်မာစေကာ အဖျားတွေ ကွဲအက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။