ဆံပင်ဆေးဆိုးရင် အများစုက ဆံပင်ပျက်စီးတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဆံပင်ဆေးဆိုးထားလည်း သေချာဂရုစိုက်ရင် ကျန်းမာတဲ့ဆံသားကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါဆို ဆံပင်ဆေးဆိုးပြီးနောက်ပိုင်း ဘယ်လိုဂရုစိုက်ရမလဲ ?

1.Gentle Shampoo ကိုရွေးပါ

အစိုဓာတ်ထိန်းပေးတဲ့ ခေါင်းလျှော်ရည်တွေက ဆေးဆိုးထားတဲ့ဆံပင်အတွက် အကောင်းဆုံးပါ။ ဆိုးဆေးထဲပါတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံပင်တွေက ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့် ဆံပင်ကို နူးညံ့ပြီး အစိုဓာတ်ထိန်းတဲ့ ခေါင်းလျှော်ရည်ကို သုံးဖို့လိုပါတယ်။

2. Deep Conditioner နဲ့ ရေဓာတ်ဖြည့်ပေးပါ

ဆံပင်ဆေးဆိုးတဲ့အခါ ဆိုးတဲ့အရောင်ကြာရှည်ခံဖို့ အကြံပေးချင်တာက ဆံပင်မဆိုးခင် ရေဓာတ်ဖြည့်ပေးသင့်ပါတယ်။ Deep Conditioner က ဆံပင်ဆိုးပြီးနောက်ပိုင်း ဆံပင်ကို ပြန်လည်အားဖြည့်တဲ့အပြင် ဆံပင်ပုံကျနေဖို့လည်း ကူညီပေးပါတယ်။ ဒါ့အပြင် Hair Mask Treatment ကို တစ်ပတ်တစ်ကြိမ် ပုံမှန်သုံးပေးပါ။

3. Conditioner သုံးပါ

Aftercare က အရောင်ကို ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တာမလို့ ဒီအဆင့်ကို ဘယ်တော့မှ မကျော်သွားပါနဲ့။ ခေါင်းလျှော်ပြီးတိုင်း Conditioner ကို မဖြစ်မနေသုံးပေးပါ။

4. Conditioner မလိမ်းခင် ဆံပင်ထဲက ရေကို ညှစ်ပါ

ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်ကို မျက်နှာသုတ်ပုဝါသေးသေးလေးသုံးပြီး ဆံပင်ထဲက ပိုနေတဲ့ရေတွေကို ညှစ်ထုတ်လိုက်ပါ။ ဒါမှ ဆံပင်က Conditioner ရဲ့ Effect ကို ပြည့်ပြည့်ဝဝရမှာပါ။

5. အပူကိုရှောင်ပါ

ဆံပင်ခြောက်တာရဲ့ အကြီးမားဆုံး တရားခံတွေထဲက တစ်ခုက အပူပါပဲ။ အပူဒဏ်အားလုံးကို ရှောင်လွှဲလို့မရရင်တောင် တတ်နိုင်သမျှ ရှောင်ပါ။

6.လေနဲ့အခြောက်ခံပါ

ဆေးဆိုးထားတဲ့ဆံပင်က အပူနဲ့ထိရင် ဆံသားတွေခြောက်ကုန်တာမလို့ အကြံပေးချင်တာက ဆံပင်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် လေနဲ့ အခြောက်ခံကြည့်ပါ။ ဆံပင်လေမှုတ်စက်ရဲ့ အပူကို လျှော့ပါ။ ဆံပင်ခြောက်တဲ့အချိန်ကို ၁ မိနစ်လောက် လျှော့ချကြည့်ပါ။