လက်သည်းလေးတွေ အမြဲတမ်းကျန်းမာပြီး လှနေစေဖို့အတွက် မိန်းကလေးတိုင်း ပုံမှန်လုပ်ပေးသင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Nails Remover

လက်သည်းနီဆိုးပြီးတိုင်း အကြာကြီးမထားပဲ nails remover နဲ့ သေချာဖျက်ပေးပါ။ လက်သည်းနီဆိုးပြီး သေချာမဖျက်ရင် လက်သည်းအရောင်က ညစ်လာပါတယ်။ လက်သည်းနီလည်း ခဏခဏမဆိုးပါနဲ့။ လက်သည်းနီခဏခဏဆိုးလိုက်၊ ဖျက်လိုက်နဲ့ဆိုရင် လက်သည်းအရောင်က ဝါညစ်လာပါတယ်။

လက်သည်းညှပ်ပြီးပုံသွင်းပါ

လက်သည်းကို ပုံမှန်ညှပ်ပြီး သေချာပုံသွင်းတာ၊ လက်ဆွယ်ငုပ်တာ၊ အသားမာဖြစ်တာ အားလုံးကို ညှပ်ထုပ်ပြီး သေချာသန့်စင်ပေးပါ။ ၂ ပတ် တစ်ခါ (သို့) တစ်လ တစ်ခါ ပုံမှန်လုပ်ပေးပါ။

Base Coat

လက်သည်းနီမဆိုးခင်မှာ အောက်ကနေ base coat ခံဆိုးပေးပါ။ ပြီးမှ ကိုယ်ကြိုက်တဲ့လက်သည်းနီကို ဆိုးပါ။ Base coat ခံဆိုးပေးတာက လက်သည်းပျက်စီးတာ သက်သာစေပါတယ်။

Moisturizer

လက်အသားအရေစိုပြည်နူးညံ့စေဖို့နဲ့ လက်သည်းလေးတွေ စိုစိုပြည်ပြည်နဲ့ ကျန်းမာစေဖို့ moisturizer လိမ်းပေးရပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်း လက်ဖမိုးလေးတွေ၊ လက်ချောင်းလေးတွေကို moisturizer လိမ်းပေးပြီး လက်သည်းကို အားဖြည့်ဆီ (သို့) ဒီ moisturizer ပဲ လိမ်းပေးလည်း ရပါတယ်။

Supplement

လက်သည်းလေးတွေ ကျန်းမာသန်စွမ်းစေဖို့အတွက် Supplement တစ်မျိုးကို ပုံမှန်သောက်ပေးလို့လည်း ရပါတယ်။ ဒီလိုသောက်ပေးခြင်းက လက်သည်းခဏခဏမကျိုးတော့ပဲ လက်သည်းအရှည်မြန်စေတယ်၊ ဆံပင်အရှည်မြန်စေပါတယ်။