လူ့ခန္ဓာကိုယ်ဟာ အင်ဂျင်တစ်လုံးနဲ့ တူပါတယ်။ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုရှိလာတဲ့အခါ ခန္ဓာကိုယ်ကနေ အချက်ပြလက္ခဏာတွေနဲ့ သတိပေးလေ့ ရှိကြပါတယ်။

တချို့ လက္ခဏာတွေက စိုးရိမ်စရာသိပ်မရှိပေမယ့် တချို့ လက္ခဏာတွေကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ကျန်းမာရေး အခြေအနေတွေကို သတိပေး အချက်ပြနေတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မပေါ့ဆသင့်တဲ့ သတိထားရမယ့် ခန္ဓာကိုယ်ပေါ်က ကျန်းမာရေးဆိုင်ရာ အချက်ပြလက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခြေထောက်များ အရောင်ပြောင်းနေခြင်း

Source: Best Life

လူတော်တော်များများက ခြေထောက်တွေ ဖြူဖွေးပြီး နုဖက်နေအောင် လိုးရှင်းတွေ လိမ်းလေ့ရှိ ကြပါတယ်။ ဒါပေမယ့် ခြေထောက်က ပုံမှန်အရောင်မဟုတ်ဘဲ ပန်းရောင်သမ်းနေပြီး အရေပြားက ပါးလွှာနေရင်တော့ ကျန်းမာရေး စစ်ဆေးမှု ချက်ချင်း ခံယူသင့်ပါတယ်။

ဒါဟာ ခန္ဓာကိုယ်အတွင်းမှာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်မှာ ပြဿနာ ရှိနေပြီဆိုတာ ပြနေတာဖြစ်ပြီး ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

(၃) အရေပြား ယားယံခြင်း

Source: Health and Vitality including mental health

အရေပြားနဲ့ ပတ်သတ်ပြီး အမှားအယွင်း တစ်စုံတစ်ရာမလုပ်မိပါပဲ အလိုလိုအရေပြားတွေ ယားယံနေတယ်ဆိုရင်တော့ အရင်ဆုံး ယားယံတဲ့နေရာကို သေချာစွာ စစ်ဆေးပါ။ အင်းဆက်ပိုးမွှားတွေကြောင့်လား ဒါမှမဟုတ် Allergic ဖြစ်တာလား ဆိုတာ ခွဲခြားသိဖို့ လိုအပ်ပါတယ်။

ဒါတွေကြောင့် မဟုတ်ပဲ ယားယံနေရင်တော့ အရေပြားမှာ ပြဿနာတစ်ခုခုရှိနေနိုင်တာကြောင့် တက်ကျွမ်းတဲ့ အရေပြားဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူတာအကောင်းဆုံး ဖြစ်မှာပါ။

(၃) ခြေချောင်းတွေ ဖူးရောင်နေခြင်း

Source: AllCare Foot & Ankle Center

ကိုယ့်ရဲ့ ခြေထောက်က  ပုံမှန်မဟုတ်ပဲ ထိခိုက်မိတာမျိုးမရှိပါပဲ ဖူးရောင်နေတယ်ဆိုရင် မပေါ့မဆပဲ ဆရာဝန်နဲ့ သွားရောက်ပြသကြည့်သင့်ပါတယ်။ ဒီလိုဖြစ်တာဟာ အဆစ်အမြစ်ရောင် ရောဂါရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ခြေ များပါတယ်။

(၄) အစာစားချင်စိတ် မရှိခြင်း

Source: Health and Wellbeing Queensland

အစာစားချင်စိတ် မရှိတာက ဝိတ်ကျချင်သူတွေအတွက် သတင်းကောင်း မဟုတ်ပါဘူး။ ရုတ်တရက် အစာစားချင်စိတ် မရှိတော့ပဲ ကိုယ်အလေးချိန်ထိုး ကျလာနေတာဟာ စိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်ပါ။ အစာစားပြီးချိန်မှာ ပျို့အန်ချင်တာ ၊ စားပြီးသားအစာတွေ ပြန်အန်တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ အစာအိမ်ရောဂါ ဖြစ်ဖို့ အလားအလာ များပါတယ်။

(၅) လက်သည်းတွေ ပြောင်းလဲလာခြင်း

လက်သည်းတွေ ပိုပြီးပါးလာတာ ၊ ပိုကျယ်လာတာတွေ ဖြစ်ရင်တော့ သတိထားရပါမယ်။ နှလုံးမှာ ပြဿနာ ဖြစ်နိုင်ခြေရှိတဲ့ သတိပေးအချက်ပြလက္ခဏာ ဖြစ်နိုင်ပါတယ်။

လက်သည်းမှာ ဖြစ်တဲ့ရောဂါဆိုတာ မရှိပေမယ့် လက်သည်းမှာ တစ်ခုခုဖြစ်နေတာက ခန္ဓာကိုယ်ပေါ်မှာ အခြားရောဂါတွေဖြစ်နေပြီဆိုတာ သတိပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်သည်းတွေက ပုံမှန်မဟုတ်ပဲ ပြောင်းလဲနေပြီဆိုရင် သက်ဆိုင်ရာကျန်းမာရေး စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။