Underwear တွေကို မလျှော်ပဲ အကြိမ်ကြိမ်ပြန်ဝတ်နေမိလား။ Underwear တွေဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်သာမက ကျန်းမာရေးအတွက်လည်း အရေးကြီးတာမို့ နေ့စဉ်ပုံမှန်လျှော်ဖွတ်ပြီး အလဲလှယ်လုပ် ဝတ်သင့်ပါတယ်။

အကယ်၍ Underwear တွေကိုမလျှော်ပဲ ထပ်ခါထပ်ခါ ပြန်ဝတ်နေမိမယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၁) အနံ့သက်ဆိုးတွေ ထွက်စေတယ်

အတွင်းဘက် ကိုယ်အင်္ဂါအစိတ်အပိုင်းနေရာတွေက ချွေးထွက်အများဆုံး ဖြစ်ပါတယ်။ အတွင်းခံဘောင်းဘီတွေကို ပုံမှန်လျှော်ဖွတ်မပေးဘူးဆိုရင် ချွေးနဲ့ဘက်တီးရီယားတွေ ပေါင်းစပ်ကာ ဆိုးရွားတဲ့ အနံ့သက်တွေကိုဖြစ်ပေါ်လာစေမှာပါ။

ဒါကြောင့် တစ်ရက်ဝတ်ထားပြီး ဘောင်းဘီကို တစ်ရက်ပုံမှန်လျော်ဖွတ်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

(၂) အရေပြားယားယံစေတယ်

သန့်စင်လျှော်ဖွတ်မှုမရှိတဲ့ အတွင်းခံတွေဟာ များသောအားဖြင့် ချွေးတွေ ၊ အစွန်းအထင်းတွေနဲ့ ညစ်ပတ်နေတက်ပါတယ်။ ဒီလိုသန့်ရှင်းမှုမရှိတဲ့ ဘောင်းဘီတွေကို ဝတ်မယ်ဆိုရင် အရေပြားယားယံစေတဲ့ ပွေး ၊ ဝဲ စတဲ့အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပြီး ကုပ်ဖဲ့ခြင်းကတဆင့် အနာများ၊ အဖုအပိန်များ ၊ အရည်များထွက်ခြင်း‌ နဲ့ ပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၃) ဝက်ခြံနဲ့ အရေပြားပြဿနာများ ဖြစ်စေတယ်

ဝက်ခြံဆိုတာ မျက်နှာအရေပြားမှာပဲ ပေါက်တာမဟုတ်ပါဘူး။ ပေါင် ၊ တင်ပါး နဲ့ အတွင်းနေရာတဝိုက်မှာလည်း ဝက်ခြံပေါက်တတ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ အတွင်းခံတွေမှာ မှိုတွေစွဲကပ်နေတက်ပြီး မှိုတွေကနေ အတွင်းအစိတ်အပိုင်းတစ်ဝိုက်မှာ ဝက်ခြံနဲ့ အဖုအပိန့်တွေနဲ့ အရေပြားရောင်ရမ်းခြင်းများ ၊ အနီကွက်များ စတဲ့အရေပြားဆိုင်ရာပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

(၄) ဆီးလမ်းကြောင်းပိုးဝင်စေနိုင်တယ်

အပေါ့သွားပြီးတဲ့အခါ အတွင်းခံဘောင်းဘီမှာ အစွန်းအထင်းတွေကျန်နေခဲ့ပြီး ကြာလာတဲ့အခါ ချွေးတွေ ဖုန်တွေကတဆင့် မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားကာ ဘောင်းဘီမှာ စွဲကပ်နေတက်ပါတယ်။

ဒီလိုမျိုး သန့်ရှင်းမှုမရှိတဲ့ ဘောင်းဘီတွေကို ထပ်တလဲလဲ ပြန်ဝတ်မယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ လိင်အင်္ဂါဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေများစေမှာပဲ ဖြစ်ပါတယ်။