လူတစ်ယောက်ချင်းစီမှာ သက်သောင့်သက်သာဖြစ်ဖို့အတွက် ထိုင်ပုံထိုင်နည်းတွေက မတူညီကြပါဘူး။ သက်သောင့်သက်သာဖြစ်တယ်ဆိုတိုင်းလည်း ကျန်းမာရေးနဲ့ မညီညွှတ်ပါဘူး။

သက်သောင့်သက်သာဖြစ်ပြီး စမတ်ကျတဲ့ ထိုင်ပုံထိုင်နည်းတွေထဲမှာ ခြေထောက်ချိတ်ထိုင်ခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။

ဒါပေမဲ့ သင့်အနေနဲ့ မကြာခဏ ခြေထောက်ချိတ်ထိုင်ပါက အခုဖော်ပြပေးမယ့် ဆိုးကျိုးများကို သင့်ခန္ဓာကိုယ်က ကြုံတွေ့ခံစားရနိုင်ပါတယ်။

နာ့ဗ်ကြောများ ထိခိုက်ခြင်း

ခြေထောက်ချိတ်ထိုင်တာ အချိန်ကြာလာသည်နှင့်အမျှင် ကြွက်သားများ ထုံကျင်လာတတ်ပါတယ်။ ထိုကဲ့သို့ ထုံကျင်ခြင်းက မကြာခဏ ဖြစ်ပွားတတ်မယ်ဆိုရင် နာ့ဗ်ကြောများကို ထိခိုက်တတ်ပါတယ်။

သွေးတိုးခြင်း

လေ့လာတွေ့ရှိချက်များအရ ခြေထောက်ချိတ်ထိုင်ခြင်းက သွေးပေါင်ချိန်ကို မြင့်တက်စေတယ်လို့သိရှိရပါတယ်။ ချိတ်ထိုင်ထားတဲ့ ခြေထောက်များဆီသို့ သွေးစီးဆင်းမှု မရှိတော့ဘဲ သွေးလှည့်ပတ်မှုကို ပျက်ယွင်းစေပါတယ်။ သင့်အနေနဲ့ သွေးတိုးအခံရှိပါက ခြေထောက်ချိတ်ထိုင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

လက်ပျဉ်ကုန်းခြင်း

လေ့လာချက်များအရ တစ်နေ့ကို သုံးနာရီခန့် ခြေထောက်ချိတ်ထိုင်ခြင်းက သင့်ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းကျစေပြီး လက်ပျဉ်ကုန်းခြင်း၊ ခါးကုန်ခြင်းတို့ကို ခံစားရစေပါတယ်။

အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း

ခြေထောက်ချိတ်ထိုင်ခြင်းက သင့်ခန္ဓာကိုယ်အနေအထားကို ပျက်ယွင်းစေရုံသာမက အဆစ်အမြစ်များကိုလည်း နာကျင်ကိုက်ခဲစေပါတယ်။ သင့် လည်ပင်ရိုး၊ ကျောရိုး၊ တင်ပဆုံရိုးနှင့် ဒူးဆစ်များကို နာကျင်ကိုက်ခဲစေတာကြောင့် သင့်အနေနဲ့ ဒူးနာ၊ ခါးနာခြင်း အခံရှိတယ်ဆိုရင် ခြေထောက်ချိတ်ထိုင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။