အခုနောက်ပိုင်းမှာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ ရေးပန်းစားလာတဲ့ နည်းလမ်းလေးတစ်ခုက Foot Massage and Reflexology လို့ခေါ်တဲ့ ခြေထောက်နှိပ်နယ် အဆိပ်ထုတ်ခြင်းပါ။

ခြေထောက်နှိပ်နယ်အဆိပ်ထုတ်ခြင်းဟာ ဇိမ်ခံမှုသက်သက် မဟုတ်ပါဘူး။ ညောင်းညာကိုက်ခဲမှုတွေနဲ့ ပင်ပန်းမှုတွေကို လျော့ကျသက်သာစေနိုင်တဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

ဒီ့အပြင်လည်း ခြေထောက် နှိပ်နယ်အဆိပ်ထုတ်ခြင်းကနေ အခုပြောမယ့် ကျန်းမာရေးကောင်းကျိုးတွေများစွာ ရရှိနိုင်မှာဖြစ်ပါတယ်။

(၁) သွေးလည်ပတ်မှု ကောင်းမွန်စေတယ်

ခြေဖဝါးကြွက်သားတွေကို နှိပ်နယ်ပေးခြင်းရဲ့ ကောင်းကျိုးတစ်ခုက သွေးလည်ပတ်မှုကို ကောင်းမွန်လာစေတာပဲ ဖြစ်ပါတယ်။ ခြေဖဝါးကြွက် သားတွေကို နှိပ်နယ်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေဆီကို အောက်ဆီဂျင် ပိုမိုရရှိစေပြီး ခြေထောက်ကြွက်သားတွေနဲ့ ခန္ဓာကိုယ်တစ်လုံး သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုသက်သာစေတယ်

ဒါကတော့ သိသာထင်းရှားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ အလုပ်ရဲ့ဖိအားတွေ ၊ စိတ်ပင်ပန်းမှုတွေခံစားရချိန်မှာ ခြေထောက်နှိပ်နယ်အဆိပ်ထုတ်လိုက်မယ်ဆိုရင် ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေ အားလုံးယူပစ်လိုက်သလို လျော့ကျသက်သာသွားစေမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း စိတ်ဖိစီးမှုတွေ ပင်ပန်းမှုတွေလျော့ချဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် လူတွေကြားမှာ ရေပန်းစားလာတာပါ။

(၃) အိပ်ပျော်စေတယ်

ခြေထောက်နှိပ်နယ်အကြောဖြေပေးဖို့ အကောင်းဆုံးအချိန်က အိပ်ရာမဝင်ခင်အချိန်ပဲ ဖြစ်ပါတယ်။ အိပ်ခါနီးအချိန်မှာ ခြေထောက်ကို နှိပ်နယ်ပေးလိုက်မယ်ဆိုရင် အကြောတွေပြေလျော့စေပြီး သက်တောင့်သက်သာနဲ့ ပိုပြီးကောင်းမွန်ချမ်းသာစွာ အိပ်စက်အနားယူနိုင်မှာဖြစ်ပါတယ်။

(၄) ကျန်းမာရေး ပိုကောင်းစေတယ်

ခြေထောက်နှိပ်နယ်ဆိပ်အထုတ်ခြင်းဟာ ခြေဖဝါးတစ်ဝိုက်က ကြွက်သားတွေကို လှုံ့ဆော်ပေးပြီး တောင့်တင်းမှုတွေကို လျော့ပါးသက်သာစေကာ ခြေချင်းဝတ်နဲ့ ခြေဖနောင့် နာကျင်ဝေဒနာတွေကိုပင် သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေလျော့စေနိုင်ရုံမက ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ လည်ပင်းနာခြင်း၊ ခန္ဓာကိုယ် အောက်ပိုင်းနဲ့ ခါးနာခြင်းစတဲ့ ဝေဒနာတွေကို ကုသပေးနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေပါတယ်။