နေ့ခင်းဘက်နဲ့ ညနေဘက်တွေမှာ ရေချိုးတာထက်စာရင် မနက်ပိုင်းမှာ ရေချိုးပေးတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာရေချိုးပေးခြင်းက ဘယ်လိုကောင်းကျိုးတွေ ရစေမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေတယ်

မနက်ပိုင်းမှာ ရေချိုးပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ မနက်စောစော ချွေးပုပ်တွေထွက်သွားအောင် လေ့ကျင့်ခန်းလုပ်ပြီးမှ ချိုးပေးမယ်ဆိုရင်တော့ ပိုတောင်ကောင်းပါသေးတယ်။

stress တွေလျော့ချစေတယ်

မနက်အိပ်ယာနိုးလာရင် နေရတာထိုင်းမှိုင်းပြီး စိတ်မကြည်မလင် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မနက်စောစောသာ ရေချိုးပေးမယ်ဆိုရင် စိတ်ကြည်ပြီး stress တွေလည်း လျော့ကျသွားစေပါတယ်။

ကိုယ်ခံအားပိုကောင်းစေတယ်

မနက်ပိုင်းရေချိုးပေးတာက ကိုယ်ခံအားစနစ် ပိုကောင်းလာစေပါတယ်။ ဖျားနာခြင်းတွေ ခဏခဏမဖြစ်အောင်လည်း အနည်းနဲ့အများတော့ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ကြွက်သားနာတာ၊ ချောင်းဆိုးတာသက်သာစေတယ်

မနက်ပိုင်းမှာ ရေချိုးပေးခြင်းက ကြွက်သားနာကျင်ကိုက်ခဲတာတွေ သက်သာစေပြီး အအေးမိ ချောင်းဆိုးတာတွေလည်း သက်သာစေပါတယ်။

ပေါ့ပါးလန်းဆန်းစေတယ်

မနက်ပိုင်း၊ မနက်စောစော ရေချိုးပေးခြင်းက ကိုယ်ရောစိတ်ပါ သွက်လက်ပေါ့ပါးစေပြီး လန်းဆန်းစေပါတယ်။ ထိုင်းမှိုင်းပြီး နုံးတာမျိုးတွေလည်း သိသိသာသာကို လျော့သွားစေပါတယ်။

Source:www.aromasenseusa.com