Caffeine ဓာတ်ကြောင့် ကောင်းတာလည်းရှိသလို၊ မကောင်းတာလည်းရှိပါတယ်။ ဒီတစ်ခါမှာတော့ Caffeine ဓာတ်လျှော့ချလိုက်ခြင်းကြောင့်ရရှိလာမယ့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Caffeine ဓာတ်အများဆုံးကတော့ ကော်ဖီဖြစ်တာကြောင့် Caffeine ဓာတ်လျှော့မယ်ဆိုရင် ကော်ဖီသောက်တာကို လျှော့ရမှာပါ။

စိုးရိမ်ကြောင့်ကြမှုလျော့နည်းစေတယ်

Caffeine ဓာတ်များသွားရင် စိုးရိမ်ကြောင့်ကြမှုတွေ ပိုတိုးလာစေပြီး စိတ်လှုပ်ရှားမှုပိုဖြစ်စေပါတယ်။ ဒါ့အပြင် နှလုံးတုန်တာ၊ နှလုံးခုန်နှုန်းမြန်လာတာ၊ မောပန်းလာတာတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် Caffeine ဓာတ်ကို လျှော့ချလိုက်မယ်ဆိုရင်တော့ ဒီဝေဒနာတွေ လျော့နည်းသွားပါလိမ့်မယ်။

ကောင်းမွန်စွာအိပ်ပျော်စေတယ်

Caffeine ဓာတ်က လူကိုလန်းဆန်းစေပါတယ်။ ဒါကြောင့် မအိပ်စေချင်တဲ့အခါတွေမှာ သောက်လေ့ရှိကြပါတယ်။ ကော်ဖီသောက်ပြီး မျက်စိကြောင်တာ၊ အိပ်မပျော်တာမျိုးတွေလည်း ဖြစ်ပါသေးတယ်။ ဒါကြောင့် Caffeine ဓာတ်ကိုလျှော့ချပြီး ကော်ဖီသောက်တာကို လျှော့လိုက်မယ်ဆိုရင် ပိုပြီးကောင်းမွန်စွာနဲ့ အိပ်ပျော်နိုင်ပါမယ်။

သွားဖြုစေတယ်

Caffeine ဓာတ်ပါတာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်တွေက သွားကိုဝါညစ်စေပါတယ်။ ဒါကြောင့် Caffeine ဓာတ်ကိုရှောင်ရင်တော့ သုံးစွဲနေတဲ့သူတွေထက်စာရင် သွားလေးတွေပိုဖြူနေပါလိမ့်မယ်။

ခေါင်းကိုက်တတ်တဲ့ဝေဒနာလျော့နည်းစေတယ်

Caffeine ဓာတ်များရင် ခေါင်းကိုက်စေပါတယ်။ ဒါကြောင့် ဖြေးဖြေးချင်းစီ ပုံမှန်သောက်သုံးနေကျပမာဏထက် လျှော့သွားပေးပါ။ Caffeine ဓာတ်ကိုရှောင်တာကတော့ ခေါင်းကိုက်တတ်တဲ့ဝေဒနာကို လျော့နည်းစေပါတယ်။

Source:www. healthline.com