လူတော်တော်များများဟာ ငါးစားရတာကို မကြိုက်ကြပါဘူး။ အထူးသဖြင့် ထမင်းကို မြန်မြန်နဲ့ များများစားတက်သူတွေ အများစုက ငါးကိုမကြိုက်ကြပါဘူး။ ဘာလို့လဲဆိုတော့ ငါးအရိုးစူးမှာကို ကြောက်ကြလို့ပါ။ တကယ်တော့ ငါးက ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတာကြောင့် လူတိုင်းစားသုံးပေးသင့်ပါတယ်။ ဒီတခေါက်မှာတော့ ငါးစားခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာပါ။

(၁) အမြင်အာရုံအတွက်ကောင်းတယ်

Photo : The List

အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာတက်ပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က ဒါကိုလျှော့ချ ပေးပါတယ်။ ငါးပုံမှန်စားသုံးပေးမယ်ဆိုရင် အမြင်အာရုံထိခိုက်တာကို (၄၂) ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားတွေထိခိုက်နိုင်ခြေကိုလည်း (၅၃) ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါတယ်။ လူကြီးတွေမှာ အမြင်အာရုံထိခိုက်တာမဖြစ်စေဖို့  တစ်ပတ်တစ်ကြိမ်လောက် ငါးစားသုံးပေးပါ။

(၂) နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

Source : Nura GmbH

လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ (၅၀) ရာခိုင်နှုန်းလျှော့နည်းနေတယ်လို့ ဆိုထားပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ (၃၀) ရာခိုင်နှုန်းခန့်ပိုများနေကြောင်း ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က နှလုံးရောဂါခံစား ဖြစ်နိုင်ခြေကို လျှော့ကျစေပါတယ်။

(၃) Alzheimer’s ဖြစ်နိုင်ခြေကို လျှော့ကျစေတယ်

Photo : Envato Elements

တစ်ပတ်မှာ တစ်ကြိမ်လောက် ငါးစားသုံးပေးခြင်းက ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ကို ကောင်းမွန်စေနိုင်ပါတယ်။ ငါးကို ကြော်စားတာထက် ဟင်းချက်စားတာ၊ ပေါင်းစားတာက ကျန်းမာရေးနဲ့ပိုသင့်တော်ပါတယ်။ ငါးက ဦးနှောက်နှင့် အာရုံကြောဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

(၄) ညဘက်ကောင်းမွန်စွာ အိပ်ပျော်စေတယ်

Photo : Intermountain Healthcare

လူတော်တော်များများဟာ ညဘက်အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေကြရပါတယ်။ ဒီလို့ဖြစ်ရခြင်းဟာ အလုပ်ပင်ပန်းခြင်းကြောင့် (သို့) စိတ်ဖိစီးမှုကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။  ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဒီ နည်းရင်လည်း အိပ်မပျော်တာဖြစ်စေနိုင်ပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး (၃) ကြိမ်ထက် ပိုစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် ဒီ ကိုရရှိမှာဖြစ်ပါတယ်။

(၅) လေဖြတ်နိုင်ခြေကို လျော့နည်းစေတယ်

Photo : Marine Stewardship Council

ငါးစားတာက လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က လေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ငါးစားသုံးပေးခြင်းဟာ ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတာကြောင့် တစ်ပတ်ကို (၂) ကြိမ်ခန့် စားပေးဖို့ အကြံပြုပါရစေ။