ဆံပင်ကို ပုံစံမျိုးစုံ ပြင်ဆင်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ခေါင်းစည်းပုဝါကိုသုံးပြီး အမျိုးမျိုးပြင်ဆင်လို့ရတဲ့ ဆံပင်စတိုင်လ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတိုင်းမှာ ခေါင်းစည်းပုဝါလေးတစ်ခုတော့ ရှိထားသင့်ပါတယ်။

ခေါင်းစည်းပုဝါလေးကိုဖြန့်ပြီး ဒီလိုလေးပတ်ထားတာမျိုးက အရမ်းချစ်ဖို့ကောင်းပါတယ်။

ကိုရီးယားဆန်တဲ့ ဆံထုံးလေးထုံးပြီးရင် ခေါင်းစည်းပုဝါလေးနဲ့ပြန်ပတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်ကို တစ်ဝက်ကျစ်ဆံမြီးကျစ်တဲ့အခါမှာ ပုံစံဆန်းချင်ရင် ခေါင်းစည်းပုဝါလေးပါ ထည့်ကျစ်ကြည့်ပါ။

ဆံပင်ကိုဖားလျားချပြီး ခေါင်းစည်းပုဝါနဲ့ ဒီလိုလေးပတ်ကြည့်ပါ။ ဘီးကုတ်တပ်ထားသလိုလေးဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဆံပင်တစ်ဝက်စည်းရင်လည်း ခေါင်းစည်းပုဝါလေးနဲ့ပတ်ကြည့်ပါ။ ရိုးရိုးလေးနဲ့ အရမ်းလှတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ကျစ်ဆံမြီးကျစ်ရင်လည်း ခေါင်းစည်းပုဝါနဲ့ ဒီလိုလေးပြင်ဆင်လို့ရပါသေးတယ်။ ပုံစံဆန်းပြီး အရမ်းလှတဲ့ ဆံပင်ပြင်ဆင်ပုံပါ။

ဒါကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဆံပင်ပြင်ဆင်ပုံပါ။ ဆံထုံးထုံးထားရင်ပဲဖြစ်ဖြစ်၊ ဆံပင်စည်းထားရင်ပဲဖြစ်ဖြစ် ခေါင်းစည်းပုဝါကို ထိပ်မှာပတ်ထားတာမျိုးလေးက ချစ်ဖို့ကောင်းပါတယ်။

နောက်တွဲဆံထုံးလေးထုံးပြီးတော့လည်း ဆံထုံးကို ခေါင်းစည်းပုဝါနဲ့ ပြန်ပတ်ထားလို့ရပါတယ်။

ကျစ်ဆံမြီးကို ဒီလိုအလှကျစ်ပြီးရင်လည်း ခေါင်းစည်းပုဝါနဲ့ ပြန်ချည်ပြီးစည်းကြည့်ပါ။ ပုံစံတစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ခေါင်းစည်းပုဝါကိုသုံးပြီး ဟိုးအရင်ခေတ်က ပုံစံလေးလိုမျိုးလည်း ပြင်ကြည့်လို့ရပါသေးတယ်။

Photo source:www.pinterest.com