ဘီးကုတ်လေးတွေက ဟိုးငယ်ငယ်လေးတည်းက မိန်းကလေးတွေကြား ရေပန်းစားလာခဲ့တဲ့ Fashion Accessories တစ်မျိုးပါ။ အချိန်တွေ ဘယ်လောက်ကြာကြာ ဘီးကုတ်တွေတော့ မိန်းကလေးတွေဆီမှာ အနည်းဆုံး တစ်ခုလောက်တော့ ရှိနေဦးမှာပါပဲ။ ဘီးကုတ်က သင့်ဖက်ရှင်ကို ပံ့ပိုးပေးတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သင့်ကို လူကြားထဲ ပိုထင်ရှားသွားစေပြီး ပိုချစ်ဖို့ကောင်းသွားစေတဲ့ ပစ္စည်းဆိုလည်း မမှားပါဘူး။ ဘီးကုတ်နဲ့ သင့်ပုံစံကို Unique ဖြစ်အောင်လည်း ဖန်တီးနိုင်ပါသေးတယ်။

တစ်ခုရှိတာက ဆိုင်ရောက်ရင် ဘယ်ဘီးကုတ် ယူရမှန်းမသိ၊ ဘယ်ဟာ လှမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒါမျိုးမဖြစ်ရအောင် ခေါင်းပတ် ဘီးကုတ်ပုံစံ လှလှလေးတွေနဲ့ ဘယ်လိုဖက်ရှင်ဝတ်ဆင်ပုံတွေနဲ့ လိုက်ဖက်လဲ ကြည့်လိုက်ရအောင်နော်-

အဖြူအနက် အကွက် ခေါင်းပတ်က အင်္ကျီအဖြူနဲ့ လိုက်ဖက်ပါတယ်။

အဖြူရောင် ခေါင်းပတ်က ရိုးရှင်းတယ် ထင်ရပေမယ့် တကယ်ဝတ်လိုက်တဲ့အချိန် သင်နဲ့ လိုက်ဖက်နေမှာပါ။

ပန်းရောင်နဲ့ အပြာက လိုက်ဖက်တဲ့ အရောင်ဖြစ်တာမို့ အရောင်မတူပေမယ့် ကြည့်လို့ကောင်းပါတယ်။

သင်က ပုံထဲကလို ခေါင်းပတ်အနီရောင်လေး ပတ်မယ်ဆိုရင်တော့ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းတစ်မျိုးကလည်း မဖြစ်မနေ အနီဖြစ်သင့်ပါတယ်။

အစိမ်းရောင် နှစ်သက်တဲ့ ပျိုမေတို့အတွက်


အပြာရောင် ဘီးကုတ်နဲ့ အပြာရောင် နားဆွဲ

အသားရောင် ခေါင်းပတ်တွေကလည်း အင်္ကျီတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။ အထူးသဖြင့် အင်္ကျီအညိုလေးနဲ့ လိုက်ဖက်ပါတယ်။

သင့်ဆီမှာ ပန်းရောင်အင်္ကျီများရင် ပန်းရောင် ဘီးကုတ်လေးက မရှိမဖြစ်ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar