မင်္ဂလာပါ….ပျိုမဒီတို့ရေ…. ၂၀၂၃ မှာ ခေတ်စားလာမယ့် ဖက်ရှင်အကြောင်းပြောကြမယ်ဆိုရင် Skinny မဟုတ်တဲ့ ဂျင်းဘောင်းဘီတွေက  2023 ခုနှစ်မှာ ခေတ်စားလာအုံးမယ့် လူအားလုံးဝတ်ဆင်ကြမယ့် ဖက်ရှင်ရေစီးကြောင်းတစ်ခုပါဘဲ။ Denim Outfits တွေက သက်တောင့်သက်သာရှိပြီး ဖက်ရှင်ရှိသူများအတွက် ဘယ်တော့မှမရိုးတဲ့ လိုက်ဖက်တဲ့စတိုင်တစ်ခုပါပဲ။ ဒါကြောင့် Denim Outfits တွေကို စတိုင်လ်ကျအောင် ဝတ်နိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

ဂျင်းဘောင်းဘီတွေကို ဆွယ်တာပါးပါးလေးတွေ ဒါမှမဟုတ် သားရေခါးပတ်၊  Blazer တို့နဲ့လည်းတွဲဝတ်ပြီး စတိုင်ကျကျလှလို့ရပါတယ်။

ရိုးရှင်းတဲ့ အပေါ်ပိုင်းနဲ့ ဂျင်းဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ပြီး ပေါ့ပါးလွတ်လပ်တဲ့ အငွေ့အသက်ကို ခံစားလိုက်ပါ။

ပြီးပြည့်စုံတဲ့ဖက်ရှင်တစ်ခုအနေနဲ့ tweed ဂျာကင်လိုမျိုး အပေါ်ထပ်မျိုးနဲ့ တွဲဖက်လိုက်ပါ။

ဂျင်းဘောင်းဘီတွေကို ဖက်ရှင်ကျအောင်ဝတ်တဲ့အခါ ဒေါက်ဖိနပ်တွေအစား ဘဲလေးဖိနပ်အပြားများနဲ့ ပြောင်းလဲဝတ်ဆင်ကြည့်ပါ။

ဆောင်းရာသီအားလပ်ရက်အတွက် ဂျင်းဘောင်းဘီနဲ့ ခပ်မိုက်မိုက် လည်သာအင်္ကျီကို တွဲပြီးဝတ်ပါ။

ဂျင်းဘောင်းဘီခပ်ပွပွကို ဆန့်ကျင်ဘက်အနေနဲ့ အကြပ်ဝတ်ရတဲ့ ရိုးရိုးရှင်းရှင်း အဖြူရောင်အင်္ကျီလေးနဲ့ လည်း တွဲဝတ်လို့ရပါသေးတယ်။