MyStyle Myanmar ပရိတ်သတ်ကြီးရေ.. မဂ်လာပါနော်။ ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းအရာကတော့ မိန်းကလေးတွေရဲ့ မတူညီတဲ့ဖြစ်တည်မှုတွေက ဘယ်လို ကွဲပြားခြားနားတယ်ဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်နော်။ ဘာလို့လဲဆိုတော့ အလှအပတွေကိုပဲ ဦးစားပေးတတ်တဲ့ မိန်းကလေးလေးတွေ ရှိသလို ပညာရေးကို ပိုဦးစားပေးတတ်တဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ ဘယ်လိုအပြုအမူပဲဖြစ်စေ နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့လေး ပြုမူပြောဆိုတတ်သူတွေ ရှိသလို မနူးမညံ့တဲ့ မိန်းကလေးတွေလည်း ရှိလို့နေပါတယ်နော်။ အဲဒီထဲမှာအများအားဖြင့် မနူးညံ့တဲ့ မိန်းကလေးတွေကို ပြစ်တင်ပြောဆိုမှုတွေရှိတတ်ကြပေမယ့် တကယ်တမ်းတော့ သူတို့ရဲ့အကျင့်လေးတွေက ဘယ်လိုချစ်စရာကောင်းနေတတ်လဲဆိုတာ နည်းနည်းပြောပြပေးချင်ပါတယ်။

ပွင့်လင်းစွာပြောဆိုတတ်ခြင်း

ဒီလိုမိန်းကလေး အများစုက ပွင့်ပွင့်လင်းလင်းရှိတတ်ကြပြီး သူတို့က ဘယ်တော့မှမူယာမာယာတွေနဲ့ ဟန်ဆောင်ပြီး ပြောဆိုမှုမျိုးကို မပြုလုပ်တတ်ကြပါဘူး။ ပြောစရာရှိတာ ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပဲ ယဉ်ကျေးမှုရှိစွာ ပြောတတ်ကြပါတယ်။ စကား အလိမ္မာတွေ သုံးပြီး လိုရင်း မရောက်တဲ့ ပြောဆိုမှုတွေကိုလည်း မနှစ်သက်ကြတဲ့သူတွေလည်း ဖြစ်တဲ့အတွက် တစ်ခါတလေ တခြားသူရဲ့နားထဲမှာ ကန့်လန်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ကြောင့် သင်က ဘယ်တော့မှသံသယဝင်စရာမလိုပဲ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ပြုလုပ်စရာမလိုပဲ အရှိကို အရှိအတိုင်း နားလည်လိုက်လို့ရပါတယ်။

ရိုးရိုးသားသားပြုမူနေထိုင်တတ်ခြင်း

ဘယ်တော့မှ တစ်စုံတစ်ယောက်အပေါ် မရိုးမသား အကြံအစည်နဲ့ ပြောဆိုမှုမျိုးတောင် မပြုလုပ်တတ်ကြတဲ့သူမျိုးဖြစ်ပါတယ်။ လူဆိုတာ ရိုးရိုးသားသား နေသင့်တယ်လို့ ယူဆထားတတ်သလို မရိုးသားမှုကိုလည်း မုန်းတီးတတ်တဲ့သူတွေလည်းဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ငါတို့က အပြောသာကြမ်းတမ်းချင်ကြမ်းတမ်းပါလိမ့်မယ် ဘယ်တော့မှ မရိုးမသားတော့မလုပ်ဘူးဆိုတာမျိုးကို လက်ကိုင်ထားတတ်ကြပါတယ်။

ဟန်မဆောင်တတ်ခြင်း

သူတို့အတွက် ဟန်ဆောင်ရတာက အလွန်ဝန်ပိတဲ့အလုပ်မျိုးဖြစ်ပြီး ဟန်ဆောင်ရမှာမျိုးကို လုံးဝမနှစ်သက်ကြပါဘူး။ ဒါကြောင့် ဟန်ဆောင်မှုတွေ လုပ်လေ့ မရှိသလို အကြောင်းကြောင်းကြောင့် ဟန်ဆောင်ရရင်တောင်မှ သူတို့ ဟန်ဆောင်နေမှန်း သိသာပေါ်လွင်နေတတ်ပါတယ်။ ဒါကြောင့် ဒီအချက်က သူတို့ရဲ့ ကောင်းကွက်လို့တောင် ဆိုနိုင်ပါတယ်။ ပကတိအတိုင်း ပြောဆို ပေါင်းသင်းတတ်တာက သူတို့ရဲ့ ချစ်စရာကောင်းတဲ့အရာလေးပဲ ဖြစ်ပါတယ်။

စိတ်အလှကိုတန်ဖိုးထားတတ်ခြင်း

လူဆိုတာ အလှထက် စိတ်ကောင်းရှိဖို့က အဓိကကျတယ်လို့ လက်ခံထားကြသူတွေပဲဖြစ်ပါတယ်။ လှလှပပနေထိုင်တာက အမြင်မှာကြည့်ကောင်းပေမယ့် စိတ်ထားလှတာက လူတွေအတွက် စိတ်ချမ်းသာမှုနဲ့ ကောင်းကျိုးတွေ ယူဆောင်ပေးနိုင်တယ်လို့ သဘောထားကြပါတယ်။ အရမ်းလှပ နူးညံ့သိမ်မွေ့ဖို့ထက် ပုံမှန်လေး သပ်သပ်ရပ်ရပ် စတိုင်ကျ လှပလည်း ရတာမို့ စိတ်ထားအလှကိုသာ ဦးစားပေးပြီး လူတွေကို တန်ဖိုးထားတတ်သူတွေလည်း ဖြစ်ပါတယ်။ ရုပ်ရည်ကို ကြည့်ပြီး ခွဲခြားတတ်တဲ့သူတွေ မဟုတ်တာကိုလည်း တွေ့ရမှာပါနော်။

ကဲ..စာဖတ်ပရိတ်သတ်ကြီးတွေထဲမှာရော အဲလိုစိတ်ထားဖြူစင်ပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူငယ်ချင်းမိတ်ဆွေလေးတွေရှိရင် mention ခေါ်ပြီး သူတို့ကိုဂုဏ်ပြုပေးလိုက်ပါအုံးနော်..