ခရီးသွားခြင်းက လူတိုင်း အတွက် မတူညီတဲ့ အတွေ့အကြုံတစ်ခုဆီကို ပေးစွမ်းနိုင်ပါတယ်။ တစ်နေရာတည်းကို နှစ်ကြိမ် သွားလည်ရင်တောင် ပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက် မတူနိုင်တော့ပါဘူး။ ဒါပေမဲ့ လူတိုင်း ပြောလေ့ရှိတဲ့ စကားကတော့ ခရီးသွားတာက ကောင်းကျိုး အများအပြားရှိတယ်ဆိုတာပါပဲ။

ခရီးသွားခွင့် ရဖို့ကိုလည်း စာဖတ်သူ အားလုံး မျှော်လင့်နေကြမယ်ဆိုတာ မလွဲမသွေပါပဲ။ ဒီတော့ လက်ရှိ ခရီးသွားချင်စိတ်ကို နှစ်ဆ ဖြစ်လာဖို့ လူတိုင်းသိထားသင့်တဲ့ ကောင်းကျိုးတွေကို ပြောပြပါရစေ။

၁။ ပျော်ဖို့ ကောင်းတယ်

ဒါကတော့ ပထမဆုံး ရတဲ့ ကောင်းကျိုးပါပဲ။ နေရာ အသစ် တစ်ခု ရောက်သွားတာကြောင့် ပျော်ပြီး စိတ်လှုပ်ရှားမှု ပါ ဖြစ်လာစေပါတယ်။

၂။ အလုပ်တာဝန်ကနေ လွတ်မြောက်ခြင်း

အလုပ်တွေ ပိနေတဲ့အချိန် ခရီးသွားဖို့ကို တောင့်တ မိမှာပါ။ ခရီးထွက်တဲ့အခါ အလုပ်အကြောင်းကို သိပ်မစဉ်းစားမိတော့ပါဘူး။ နေ့စဉ် မွန်းကျပ်မှုတွေကနေ လွတ်မြောက်ရာက ခရီးသွားဖြင်းပါပဲ။

၃။ အနားရတယ်၊ အားတဖန် ထပ်တိုးတယ်

ခရီးသွားတဲ့အခါ ခွန်အား တွေ ထပ်တိုးလာစေပါတယ်။ စိတ်ဖိစီးမှု လျော့ပြီး စိတ်သစ် လူသစ် ဖြစ်စေပါတယ်။

၄။ ဗဟုသုတ အသစ်

ခရီး တစ်ခေါက်ပြန်လာတိုင်း ကိုယ့် ခံယူချက် ပြောင်းလဲ တတ်တာကို သင်ကြုံဖူးမှာပါ။ ကိုယ် မသိသေးတာတွေ ပိုသိလာပြီး အသစ်အသစ်တွေကို သင်ယူနိုင်ဖို့ရာ အခွင့်အရေးလည်း ဖြစ်ပါတယ်။

၅။ အမြင်ကျယ်စေတယ်

ခရီးသွားတဲ့အခါ မျက်စိပွင့် နားပွင့်ဖြစ်ပြီး ကိုယ့်အမြင်လည်း ပိုကျယ်လာပါတယ်။ ဒီကမ္ဘာကြီးမှာ ကိုယ် မသိသေးတာ တွေ အများအပြားရှိသေးကြောင်း သဘောပေါက်လာစေပါတယ်။

၆။ စိတ်သက်သာရာ ရစေတယ်

အသည်းကွဲနေတဲ့အချိန် ခရီးသွားလိုက် ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ ခရီးသွားလိုက်တာကြောင့် နာကျင်ခံစားမှု တွေ သက်သာ သွားစေပြီး စိတ်ဒဏ်ရာ ကျက်စေပါတယ်။

၇။ အတွေ့အကြုံသစ်တွေရစေတယ်

ခရီးသွားခြင်းက ဘဝအတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်ပါတယ်။ အမှတ်တရ တစ်ခုအနေနဲ့လည်း ကျန်ရစ်ခဲ့စေပါတယ်။

၈။ ဆက်ဆံရေး ပိုကောင်းစေတယ်

မိသားစု ၊ သူငယ်ချင်းတွေနဲ့ ခရီးသွားခြင်းက သူတို့နဲ့ ကိုယ့်ကြား ဆက်ဆံရေးကို ပိုတိုးတက်စေပါတယ်။

၉။ မိတ်ဆွေသစ် တိုးစေတယ်

ခရီးသွားတဲ့အချိန် လမ်းခရီးမှာ တွေ့တဲ့ မိတ်ဆွေ၊ ကိုယ်သွားတဲ့ နေရာမှာ တွေ့တဲ့ မိတ်ဆွေ သစ် တွေ ထပ်မံ ရရှိစေပါတယ်။

၁၀။ ကိုယ့်အကြောင်း ကိုယ် ပိုသိစေတယ်

ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ဘာကို ကြိုက်တတ်လဲ ပိုသိလာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar