အရေပြားခြောက်သွေ့လို့ ဒီလိုရာသီဆို ဗောက်ထတာဟာ ယောကျာ်း မိန်းမမရွေး တိုင်းလိုလို ကြုံတွေ့နေရတတ်တဲ့ ပြဿနာတစ်ခုပါ။ လူကြားထဲမှာ ခေါင်းယားလို့ သရုပ်ပျက်အောင် ကုပ်နေစရာမလိုတော့ပါဘူး။ စာဖတ်သူတို့ အိမ်မှာ အလွယ်တကူရရှိနိုင်မဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီး ဗောက်ပြဿနာကို ဖြေရှင်းလိုက်ကြရအောင်။ ဈေးကွက်အတွင်းမှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေကို ခဏမေ့ထားလိုက်ပါ။

သဘာဝနည်းလမ်းတွေကို အသုံးပြုပြီး ဗောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဗောက်ပြဿနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ မိမိအဆင်ပြေတဲ့နည်းကို အသုံးပြုနိုင်မှာပါ။

၁။ လက်ဖက်ဆီ

မိမိလျှော်နေကျ ခေါင်းလျှော်ရည်ထဲကို လက်ဖက်ဆီ ၅ % လောက်ရောပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ဗောက်ထတာကို သိသိသာသာ လျှော့ချပေးနိုင်လိမ့်မယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

၂။ မုန့်ဖုတ် ဆိုဒါ

ဦးခေါင်းကို စိုစွတ်အာင်ပြုလုပ်ပြီး မုန့်ဖုတ်ဆိုဒါ လက်တစ်ဆုပ်စာကို ယူကာ ဦးရေပြားပေါ် လိမ်းနှယ်ပေးပါ။ ခေါင်းလျှော်ရည်မသုံးဘဲ ဒီအတိုင်းရေနဲ့ ဆေးကြောပေးပါ။ မုန့်ဖုတ်ဆိုဒါဟာ ဗောက်ဖြစ်စေနိုင်တဲ့ မှိုဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။ အစပိုင်းမှာတော့ သင့်ရဲ့ ဆံနွယ်လေးတွေ ခြောက်သွေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်ကြာရင်တော့ ဆံနွယ်လေးတွေ ပိုမိုပျော့ပြောင်းလာပြီး ဗောက်ကင်းစင်လာမှာပါ။

၃။ ပန်းသီးရှာလကာရည်

စပရေးဘူးထဲကို ပန်းသီးရှာလကာရည် (ခွက်တခွက်ရဲ့ ၄ပုံ၁ပုံ ပမာဏ) နဲ့ ရေ (ခွက်တစ်ခွက်ရဲ့ ၄ပုံ၁ပုံပမာဏ) ထည့်ပြီး ရောနှောအောင် လှုပ်ခါလိုက်ကာ သင့်ဦးခေါင်းပေါ် ဖြန်းပေးပါ။ အဲဒီနောက် ဦးခေါင်းကို သဘက်နဲ့ ၁၅ မိနစ်ကနေ ၁ နာရီကြား အုပ်ထားပေးပြီး ခေါင်းလျှော်ချပေးပါ။ ( မှတ်ချက်။ ။ တစ်ပတ် (၂) ကြိမ်ပြုလုပ်ပေးပါ။)

၄။ Mouthwash (ပလုတ်ကျင်းရည်)

ဗောက်တွေကို ဖယ်ရှားနိုင်မဲ့ နောက်တစ်နည်းကတော့ Mouthwash (ပလုတ်ကျင်းရည်) ပါ။ သင်ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ အဲဒီခေါင်းလျှော်ရည်ကို ပလုတ်ကျင်းရည်နဲ့ လျှော်ချပါ။ ထို့နောက် သင်ပုံမှန်သုံးနေတဲ့ ဆံပင်ပျော့ဆေးကို သုံးပါ။

၅။ အုန်းဆီ

ခေါင်းမလျှော်ခင်မှာ အုန်းဆီကို စားပွဲတင်ဇွန်း ၃ ကနေ ၅ ဇွန်းထိကို သင့်ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး တစ်နာရီခန့် ထားပါ။ အဲဒီနောက် ခေါင်းလျှော်ချလိုက်ပါတယ်။

၆။ သံပယိုသီး

သံပယိုသီး အရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ဦးရေပြားပေါ် လိမ်းပေးပြီး ရေနဲ့ လျှော်ချပါ။ အဲဒီနောက် သံပယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်ထဲ ထည့်ပြီး အဲဒီရေနဲ့ ခေါင်းလျှော်ချပေးပါ။ အဲဒီနည်းလမ်းအတိုင်း ဗောက်မပျောက်မချင်း နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

၇။ ဆား

ခေါင်းမလျှော်ခင် ဆားကို သင့်ရဲ့ ခြောက်သွေ့တဲ့ ဦးရေပြားပေါ်မှာ ပွတ်လိမ်းပေးပြီး ဦးခေါင်းတစ်ခုလုံးကို လိမ်းပေးပါ။ အဲဒီနောက် ခေါင်းလျှော်ချပါ။

၈။ ရှားစောင်းလက်ပက်

ဗောက်ယားလွန်းလို့ ကုပ်နေရတဲ့ ပြဿနာကို ရှားစောင်းလက်ပက်သုံးပြီး ဖြေရှင်းလိုက်ကြရအောင်နော်။ ရှားစောင်းလက်ပက်ကို ခေါင်းမလျှော်ခင် လိမ်းပေးလိုက်တာနဲ့ ဗောက်ပြဿနာကို ထိရောက်တဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၉။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကိုခွဲပြီး သင့်ဦးရေပြားပေါ် လိမ်းပေးပါ။ ကြက်သွန်ကနေ ထွက်တဲ့ အနံ့ကို ပျောက်ချင်ရင်တော့ ပျားရည်နဲ့ ရောပြီး ဦးရေပြားပေါ် လိမ်းပေးကာ ခေါင်းလျှော်ချလိုက်ပါ။

၁၀။ သံလွင်ဆီ

သံလွင်ဆီ ၁၀ စက်လောက်ကို ထည့်ကာ ဦးရေပြားပေါ် လိမ်းပေးပြီး ရေချိုးခန်းသုံး ခေါင်းစွပ်ကို တညလုံး စွပ်ပြီး အိပ်ပါ။ မနက်ပိုင်းမှာ ခေါင်းလျှော်ချလိုက်ပါ။ သံလွင်ဆီပါဝင်တဲ့ ခေါင်းလျှော်ရည်ကိုလည်း ရှာဝယ်လို့ရပါတယ်