တချို့က တစ်ယောက်ထဲသီးသန့်နေတတ်ကြပါတယ်။ တစ်ယောက်ထဲနေတာ အလုပ်ပိုပြီးတယ်ဆိုပြီး ဘယ်သူနဲ့မှ အခေါ်အပြောသိပ်မလုပ်ပဲ တစ်ယောက်ထဲသီးသန့်နေတဲ့သူတွေလည်း ရှိပါတယ်။ တကယ်တော့ လုပ်ငန်းခွင်မှာ ခင်မင်တဲ့သူများတာက ကိုယ့်အတွက်ပိုပြီး အကျိုးရှိစေပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ခင်မင်တဲ့သူများခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

အလုပ်လုပ်ရတာပျော်စရာကောင်းလာမယ်

အလုပ်မှာက ကိုယ်နဲ့ခင်မင်ရတဲ့သူတွေချည်းပဲဆိုတော့ အလုပ်ရောက်ရင် စကားပြောလိုက်၊ အလုပ်လုပ်လိုက်၊ စားသောက်လိုက်နဲ့ဆိုတော့ ပျော်စရာကောင်းမယ်။ အလုပ်ချည်းပဲဖိပြီးလုပ်နေရတာမျိုး မဟုတ်တဲ့အတွက် အလုပ်သွားရတာ ပျော်စရာကောင်းနေမယ်။ စိတ်ပေါ့ပါးမှုရှိစေပါမယ်။

အခွင့်အလမ်း၊ အဆက်အသွယ်တွေပိုရလာမယ်

လုပ်ငန်းခွင်မှာ ခင်မင်တဲ့သူပေါများခြင်းကြောင့် သူတို့နဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ၊ အဆက်အသွယ်ကောင်းတွေ ရလာစေမယ်။ ဒီအလုပ်ကနေပြောင်းချင်တဲ့အခါမှာလည်း ဒီထက်ကောင်းတဲ့အလုပ်တွေကို ဆက်သွယ်ပေးနိုင်မယ့်သူ ပေါများစေပါမယ်။ အပေါင်းအသင်းများတာက ကိုယ့်အတွက် အရမ်းကောင်းပါတယ်။ ဆိုးကျိုးမရှိပါဘူး။

အလုပ်ကြောင့်ရတဲ့စိတ်ဖိစီးမှုတွေလျော့ကျစေမယ်

အလုပ်ကြောင့် စိတ်ညစ်ရတဲ့အခါ၊ စိတ်ဖိစီးမှုရတဲ့အခါမျိုးမှာဆိုလည်း ဒီလုပ်ငန်းခွင်ထဲကသူတွေက အလုပ်အကြောင်းသိနေတော့ ရင်ဖွင့်တိုင်ပင်လို့ကောင်းမယ်။ ကိုယ့်ကို အကြံဉာဏ်တွေပေးနိုင်မယ်။ မှားနေတာတွေရှိရင်လည်း ပြင်ပေးမယ့်သူ၊ လမ်းပြပေးမယ့်သူ ရှိနေမှာပါ။ နောက်ဆုံးအလုပ်ကအပြန် အပြင်မှာသွားစားသောက်ကြပြီး အပန်းဖြေလို့ရမယ်။ ရင်ဖွင့်တိုင်ပင်လို့ရပါမယ်။ ဒီလိုတွေလုပ်လိုက်ရတဲ့အတွက် ကိုယ့်မှာရှိနေတဲ့ အလုပ်ကစိတ်ဖိစီးမှုတွေက အများကြီးလျော့ကျသွားစေပါလိမ့်မယ်။ တစ်ယောက်ထဲဖြစ်နေရင်တော့ ဒီလိုတွေပြောပြလို့မရ၊ တိုင်ပင်လို့မရနဲ့ တစ်ယောက်ထဲ Stress ပိနေမှာပါ။

Photo source: www.freepik.com