အဆီမရှိပဲသွယ်လျတဲ့ခန္ဓာကိုယ်ကို မိန်းကလေးတိုင်းလိုချင်ကြတာပါပဲ။ ဒါပေမယ့် ဒီလိုမျိုးသွယ်လျတဲ့ ခန္ဓာကိုယ်မျိုးရဖို့ လုပ်ရတာကတော်တော်လေးတော့ ခက်ခဲပါတယ်။ အစားတွေပဲစားနေတဲ့ ကျန်းမာရေးနဲ့မညီညွတ်တော့ပဲ ခန္ဓာကိုယ်မှာအဆီတွေပဲများလာပြီးမလှပတော့ဘူးပေါ့။ ဒီတော့ သွယ်လျတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့ မနက်တိုင်းမှာလုပ်သင့်တဲ့အရာတွေကို ဖော်ပြပေးချင်ပါတယ်။

မနက်စာကိုတစ်ခါထဲဝအောင်စားပါ

Breakfast

မနက်စာစားပြီဆိုရင်လည်း အများကြီးစားဖို့ကိုကြောက်ရွံ့မနေပါနဲ့။ တစ်ကြိမ်ထဲနဲ့ အဝစားလိုက်လို့ရပါတယ်။ စားတဲ့အခါမှာလည်း အာဟာရတွေကို စုံစုံလင်လင်နဲ့ တစ်ခါထဲဝအောင်စားလိုက်မယ်ဆိုရင် နောက်တစ်ကြိမ်ပြန်ပြီးစားချင်စိတ်ကိုလည်း လျော့နည်းလာစေမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

စောစောထပြီး လေ့ကျင့်ခန်းလုပ်တာက စိတ်ကိုလည်းရွှင်လန်းစေပြီး လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း ပိုအားတက်စေတော့ ထိရောက်မှုလည်းပိုရှိတာပေါ့။ တစ်ခြားအချိန်တွေဆိုရင်လည်း ပင်ပန်းနေတာနဲ့အကြောင်းတစ်ခုခုကြောင့် လေ့ကျင့်ခန်းမလုပ်ဖြစ်တော့တာတွေလည်း ရှိလာနိုင်တာဆိုတော့ မနက်ပိုင်းကအသင့်တော်ဆုံးပါပဲ။

ညထဲကကြိုတင်ပြင်ဆင်ထားပါ

ညဘက်မှာထဲကမနက်ကျရင် လုပ်ရမယ့်အရာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မနက်စောစောနိုးတဲ့အခါမှာ အေးအေးဆေးဆေးလေ့ကျင့်ခန်းလုပ်လို့ရပြီး အလောသုံးဆယ် လုပ်နေစရာမလိုတော့ဘူးပေါ့။ မနက်စာလည်းကောင်းကောင်းစားလို့ရပြီး အလုပ်ကိုလည်းအေးဆေးသွားလို့ရပြီပေါ့။

ရေနွေးလေးသောက်ပေးပါ

မနက်ခင်းမှာနိုးလာတာနဲ့ ရေနွေးနွေးလေးထဲကိုရှောက်သီးထည့်ပြီး သောက်ပေးမယ်ဆိုရင် သင့်ကိုလန်းဆန်းစေပြီး ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကိုလည်း တဖြည်းဖြည်းလောင်ကျွမ်းလာစေပါတယ်။

လေကောင်းလေသန့်ရအောင်နေထိုင်ပါ

မနက်ပိုင်းမှာစောစောထပြီး လမ်းလျှောက်တာတို့၊ လေ့ကျင့်ခန်းထလုပ်တာမျိုးတွေက လေကောင်းလေသန့်ပိုရစေပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်ဖို့အထောက်အကူပြုစေမှာပေါ့။

နေ့တစ်နေ့ရဲ့အစ မနက်ပိုင်းမှာထဲက ဒီအရာတွေကို ပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် သွယ်လျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရဖို့ အထောက်အကူဖြစ်လာစေမှာပဲဖြစ်ပါတယ်။