သင်နေ့တိုင်း အသုံးပြုနေတဲ့ Cosmetics နဲ့ Personal Care Products တွေမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ထည့်ထားလဲ တွေးဖူးရဲ့လား ? ရေချိုးခန်းထဲမှာ သုံးတဲ့ Personal Care Products နဲ့ သန့်ရှင်းရေး ထုတ်ကုန် တော်တော်များများ မှာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို အပျက်သဘောဆောင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် ရေချိုးခန်းထဲမှာ ဒီပစ္စည်းတွေကို ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေလို့ မထားသင့်ပါဘူး။

Microplastics

Microplastics ဆိုတာက အလှကုန်ပစ္စည်းအချို့မှာ တွေ့ရတဲ့ ပလတ်စတစ်အစိတ်ပိုင်းလေးများပါ။ ဒီအပိုင်းအစလေးတွေက ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွင်းထဲရောက်သွားရင် ဆိုးရွားတဲ့ ကျန်းမာရေးဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။

Cleaners

ရေချိုးခန်းထဲမှာသုံးတဲ့ Cleaners တော်တော်များများမှာ ကလိုရင်းအရောင်ချွတ်ဆေး၊ အမိုးနီးယားနဲ့ ဖော့စဖိတ်တွေလို ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ မျက်လုံး၊ အသက်ရှူလမ်းကြောင်းနဲ့ အရေပြားကို ယားယံစေပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတဲ့အပြင် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။

Deodorants

အလူမီနီယမ် ပါဝင်တဲ့ Deodorants က ရင်သားကင်ဆာ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ကျောက်ကပ်စတဲ့ ကျန်းမာရေးပြဿနာအချို့နဲ့ ဆက်စပ်နေတာကြောင့် ရေချိုးခန်းထဲမှာ မထားသင့်တဲ့ပစ္စည်းတစ်ခုပါပဲ။

Antibacterial ဆပ်ပြာများ

Antibacterial ဆပ်ပြာတွေမှာပါဝင်တဲ့ triclosan လို ဓာတုပစ္စည်းက အရေပြားယားယံမှုကို ဖြစ်စေနိုင်ပါတယ်။

Sulfates ပါတဲ့ Hair Products

Sulfates က ခေါင်းလျှော်ရည်နဲ့ပျော့ဆေးတွေမှာ အသုံးများတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ Sulfates ပါတဲ့ Hair Products တွေက ဦးရေပြားခြောက်သွေ့တာ၊ အရေပြားယားယံတာနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

Alcohol ပါတဲ့ Shaving products

Alcohol ပါတဲ့ Shaving products တွေက အရေပြားယားယံတာ ၊ ခြောက်သွေ့တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါအပြင် Alcohol က အရေပြားကို ခြောက်သွေ့စေပြီး အရေပြားပေါ် မလိုလားအပ်တဲ့ နီရဲခြင်းနဲ့ ပူလောင်ခြင်းတို့ကို ဖြစ်စေပါတယ်။