ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အစားအသောက်ကို တည့်မတ်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုအလေ့အထကို ကျင့်သုံးဖို့နဲ့ ပုံမှန်လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ အလွယ်လိုက်ပြီး ဖြတ်လမ်းနည်းတွေနဲ့ ဝိတ်ချမယ်ဆိုရင်တော့ ရလာမယ့်အကျိုးက ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။

ဆံပင်ကျွတ်တာ

ကျန်းမာရေးနဲ့မညီတဲ့နည်းတွေနဲ့ ဝိတ်ချတဲ့အခါ အရင်ဆုံးကြုံရမယ့် ဘေးထွက်ဆိုးကျိုးက ဆံပင်ကျွတ်တာပါ။ လုံလောက်တဲ့အာဟာရမရှိရင် ဆံပင်မွေးညင်းပေါက်တွေ အားနည်းလာပြီး ဆံပင်တွေ ကျွတ်လာပါတယ်။

ရာသီစက်ဝန်းမမှန်တာ

အစားအသောက်မမှန်တာ ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာတွေကြောင့် ရာသီမမှန်တာ ၊ ပျောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဇီဝဖြစ်စဉ်နှေးတာ

ခန္ဓာကိုယ်က ကယ်လိုရီနည်းနည်းဘဲရတဲ့အခါမျိုးမှာ ဇီဝြဖစ်ပျက်မှု နှေးကွေးသွားပါတယ်။ ဒီလိုနှေးသွားတာက အနာဂတ်မှာ ကိုယ်အလေးချိန်ချဖို့ ပိုခက်ခဲစေရုံသာမက ခန္ဓာကိုယ်က အဆီတွေကို အရင်ကထက် ပိုပြီးသိုလှောင်လာပါတယ်။

ဗိုက်အဆီပိုများတာ

ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်ပုံစံတွေကြောင့် ရေရှည်မှာ ဗိုက်အဆီတွေက ပိုပြီးများလာတတ်ပါတယ်။

ကျန်းမာရေးထိခိုက်တာ

FDA ခွင့်ပြုချက်မရှိတဲ့ တချို့အဆီကျဆေးတွေက သွေးတိုး၊ နှလုံးရောဂါနဲ့ အသည်းပျက်စီးတာတို့ကို ဖြစ်စေတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ကိုယ်ခံစွမ်းအားကျတာ

ဗီတာမင်၊ သတ္တုဓာတ်နဲ့ တအခြားအာဟာရဓာတ်တွေ ချို့တဲ့လာတဲ့အခါ ကိုယ်ခံအားစနစ်က ကျဆင်းလာတတ်ပါတယ်။ ဒီလို ကိုယ်ခံအားကျလာတာက ရောဂါတွေကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။

အရေပြားပြဿနာတွေဖြစ်တာ

ကြွက်သားတွေ မတည်ဆောက်ဘဲနဲ့ အဆီတွေ ဆုံးရှုံးသွားတဲ့အခါ အရေပြားဟာ လျော့ပါးလာပါလိမ့်မယ်။ မွဲခြောက်ခြောက် အသားအရေ၊ လက်သည်း ကြွပ်ဆတ်၊ ဝက်ခြံနဲ့ ခြောက်သွေ့တဲ့ အသားအရေ တွေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။