မင်္ဂလာပါ… ပျိုမဒီတို့ရေ… မိန်းကလေးတွေအတွက် မရှိမဖြစ်အရာတွေထဲမှာ အိတ်တစ်လုံးကလည်း မပါမဖြစ်ပါဘဲနော်။ အိတ်တစ်လုံးက မိန်းကလေးအတွက် အရေးပါတဲ့အပြင် ဖက်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။ ၂၀၂၃ မှာ ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်စေဖို့ ခေတ်စားမယ့် အိတ်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Tote အိတ်

၂၀၂၃ မှာ  ခေတ်စားလာမယ့်  Cargo Pant တွေ Coat တွေနဲ့အတူ အလိုက်ဖက်ဆုံးဖြစ်စေတဲ့အိတ်ကတော့ အိတ်တွေအများကြီးပါတဲ့ အိတ်ပါ။

ပခုံးအိတ်

ပြောင်လက်တောက်ပတဲ့ အနက်ရောင်ပခုံးအိတ်တစ်လုံးကတော့ ၂၀၂၃ မှာမဖြစ်မနေ ရှိသင့်တဲ့ အမိုက်ဆုံးခေတ်ရေစီးကြောင်းတစ်ခုပါ။

လက်ကိုင်အိတ်

ပခုံးမှာလွယ်ဖို့၊ လက်မှာချိတ်ဖို့  ကြိုးတွေမပါပဲ လက်ကိုင်ကြိုးလေးဘဲပါတဲ့ လက်ကိုင်အိတ်တွေကလည်း ၂၀၂၃ ကို ကိုယ်စားပြုမယ့် ဖက်ရှင်တစ်ခုပါဘဲ။

Shining အိတ်

ပွဲတွေတက်တဲ့အခါ အလှဆုံးဖြစ်စေဖို့ ကူညီပေးတဲ့ တလက်လက်တောက်ပနေတဲ့အိတ်တွေက ၂၀၂၃ မှာလည်း နေရာယူထားတုန်းပါပဲ။

Fabrics အိတ်

အရောင်တောက်တာက် လည်သာတွေ၊ ချော့မွေ့တဲ့သားမွေးတွေနဲ့ တခြားအသားတွေကို ယှက်လုပ်ထားတဲ့ပုံစံကလည်း ၂၀၂၃ အတွက် ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုပါဘဲ။

ဗိသုကာပုံစံအိတ်

ခေတ်ရေစီးကြောင်းနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ ဗိသုကာပုံသဏ္ဍာန်လုပ်ထားတဲ့အိတ်တွေကတော့ ၂၀၂၃ မှာ ကိုယ်ပိုင်စတိုင်နဲ့ထင်းနေချင်တဲ့ ပျိုမဒီတို့အတွက် အသင့်တော်ဆုံးပါ။