မင်္ဂလာပါ……ပျိုမဒီတို့ရေ….. ဓာတ်ပုံရိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ ပုံတစ်ပုံရဖို့အတွက်က လက်ဟန်အနေအထားကလည်း အများကြီး ကူညီပေးပါတယ်နော်။ လက်ကို ဘယ်နားထားရမှန်းမသိ ဖြစ်နေရင် ဒီလိုမျိုးလေးတွေစမ်းကြည့်ပါ။

တစ်ခုခုကို ကိုင်ထားပါ

ဓာတ်ပုံရိုက်တဲ့အချိန် လက်တွေကို အိတ်ကပ်ထဲ ဒါမှမဟုတ် လက်နှစ်ဖက်ကို အရှေ့မှာ ပိုက်ထားလိုက်ပါ။ ဒီပုံစံနှစ်ခုလုံးက ကင်မရာရှေ့မှာ သက်တောင့်သက်သာဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ နံရံ၊ စားပွဲ၊ ကုလားထိုင် ဒါမှမဟုတ် အနီးနားမှာရှိတဲ့ တစ်ခုခုပေါ် လက်ကိုတင်ထားလိုက်ပါ။

လက်ကိုသေးတယ်ထင်ရအောင်ထားပါ

ဓာတ်ပုံရိုက်တဲ့အခါ လက်တွေကို ကင်မရာနဲ့ နည်းနည်းဝေးဝေးမှာ ထားပြီး ထောင့်နည်းနည်းစောင်းတဲ့ အနေအထားကနေ ရိုက်ပါ။ ရိုက်တဲ့အခါ လက်က ပါးပြီး သေးဖို့ လိုတာမလို့ လက်တွေကို သေးသေးလေးဖြစ်အောင် ချိန်ညှိထားတဲ့ အနေအထားနဲ့ ရိုက်ပေးပါ။

လက်တွေကို ဖြေလျှော့ထားပါ

ဓာတ်ပုံရိုက်တဲ့အချိန် လက်တွေက တင်းတင်းကြီးထားထားရင် မျက်မှာကလည်း တင်းနေသလို ဖြစ်တတ်ပါတယ်။ ဘာလို့လည်းဆိုတော့ သဘာဝမကျဆုံး ဟန်ပန်ကြောင့်ပါ။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါ လက်ချောင်းတွေကို နူးညံ့ပျော့ပျောင်းစေဖို့ စိတ်ကို အေးအေးဆေးဆေးဖြစ်အောင်နေပါ။

ပါးနဲ့ဆံပင်ကို လက်နဲ့အုပ်ထားပါ

လက်နှစ်ဖက်ကို ပါးပေါ်တင်တာက အရိုးရှင်းဆုံး ကိုယ်ဟန်အနေအထားတစ်ခုပါပဲ။ ရိုးရှင်းတဲ့ ဟန်ပန်လေး ဖြစ်ပေမယ့် မျက်နှာ အလှ နဲ့ မိန်းမပီသမှုကို ပြသရာမှာ အတော်လေး ထင်ရှားပါတယ်။ ရိုက်တဲ့အခါ လုံးဝဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့အသွင်အပြင်ကို ဖန်တီးဖို့ မျက်လုံးများကို မှိတ်ထားလိုက်ပါ။

လည်ပင်းကို လက်နဲ့ အုပ်ထားပါ

ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျတဲ့ Pose ကိုရှာနေတယ်ဆိုရင် လည်ပင်းကိုလက်နဲ့အုပ်ထားတဲ့ Pose က ပြီးပြည့်စုံတဲ့ Pose တစ်ခုဖြစ်မှာပါ။ ရိုးရှင်းပေမယ့် ထူးခြားတဲ့ပုံစံလေးဖြစ်အောင် ရိုက်တဲ့အခါ ဘေးတစောင်းလေး ရိုက်ပါ။

နှုတ်ခမ်းကိုလက်နဲ့ထိထားပါ

အနီးကပ်ပုံရိုက်ဖို့  အကောင်းဆုံး Pose ကိုပြောပါဆိုရင် နှုတ်ခမ်းကိုလက်နဲ့ထိထားတာက မိန်းကလေးတွေအတွက် ဆွဲဆောင်မှုအရှိဆုံး Pose တစ်ခုပါဘဲ။